Apple MacBook Pro ပေါက်ကွဲမှုကြောင့် Apple မှ အသစ်ပြန်လဲပေးမည်
05 Jul 2019 1,582 Views

Apple ရဲ့ ထုတ်ကုန် ကွန်ပြူတာအမျိုးအစားဖြစ်တဲ့ MacBook Pro 15-inch ၏ ဘက်ထရီမှ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် Apple ကုမ္ပဏီမှ အဆိုပါ MacBook အမျိုးအစားများကို ဘက်ထရီအခမဲ့ပြန်လဲပေးမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ MacBook Pro သုံးစွဲသူ Steve Gagne ဆိုသူက သူ့ရဲ့ ကွန်ပြူတာဟာ ဘက်ထရီကြောင့် မမျှော်လင့်ပဲ မီးလောင်ပေါက်ကွဲခဲ့ပြီး အဆိုပါ ဓါတ်ပုံများကို ဖေ့စ်ဘွခ်ပေါ်တင်ခဲ့ရာမှ Apple ကုမ္ပဏီက သိရှိပြီး ယင်းမော်ဒယ်လ်အမျိုးအစား ပိုင်ရှင်များအနေနဲ့ အခမဲ့ ဘက်ထရီလာရောက် လဲလှယ်နိုင်ကြောင်း Apple ရဲ့ ဝဘ္ဆိုက္မွာ တရားဝင် ကြေညာခဲ့တာဖြစ်ပါတယ်။

Steve Gagne ရဲ့အဆိုအရ ပုံမှန်အားဖြင့် သူ့ရဲ့ MacBook ကို စာအုပ်တွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေ ထားတဲ့ခြင်းထဲမှာ ထည့်ထားလေ့ရှိပြီး ထိုနေ့က ကံကောင်းထောက်မစွာဖြင့် ကော်ဖီစားပွဲပေါ်မှာ တင်ထားခဲ့ပါတယ်။ သူဟာ အိပ်ယာထဲမှာရှိနေစဉ် ကွန်ပြူတာက မီးဖွားလေးဖြစ်လာပြီး ဘက်ထရီရှိရာ အောက်ခြေပိုင်းက ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ မီးခိုးတွေထွက်လာပြီး ညှော်နံ့ရတော့မှ ကွန်ပြူတာ ပေါက်ကွဲ မီးလောင်းတာကို သူသိခဲ့ရပါတယ်။
မီးလောင်မှုကြောင့် ကွန်ပြူတာရဲ့ အောက်ပိုင်းနှင့် အပေါ်ကိုယ်ထည်တို့ အတော်ကြီးပျက်ဆီးသွားတာကို တွေ့ရပါတယ်။



Apple က အဆိုပါပြဿနာကြောင့် ၂၀၁၅ ခုနှစ် စက်တင်ဘာမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီထိ ထုတ်လုပ်ရောင်းချခဲ့သော MacBook Pro 15-inch ပိုင်ရှင်များအား သက်ဆိုင်ရာ Apple ရဲ့ တရားဝင် စတိုးဆိုင်များတွင် ဘက်ထရီအသစ်များ အခမဲ့လာရောက်လဲလှယ်တပ်ဆင်နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
MacBook ပိုင်ရှင်များအနေနဲ့ မိမိရဲ့ ကွန်ပြူတာဟာ အခုလို လဲလှယ်ရေး အစီစဉ်မှာ အကျုံးဝင်မှုရှိမရှိသိရှိရန် Serial Number များရိုက်သွင်းပြီး ဤေနရာတြင္ စစ်ဆေးနိုင်ကြပါတယ်။
(ပိုပိုလေး)