BEC-TERO TV

(၁၂) နှစ်အကြာမှာ ကိုပါအမေရိကဖလားကို တစ်ကျော့ပြန် ဗိုလ်စွဲနိုင်ခဲ့တဲ့ ဘရာဇီးလ်

08 Jul 2019     1,424 Views


၂၀၁၉ ကိုပါအမေရိကဖလားဗိုလ်လုပွဲကို ယနေ့မနက်အစောပိုင်းက ဘရာဇီးလ်အသင်းနှင့် ပီရူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အိမ်ရှင် ဘရာဇီးလ်အသင်းက (၃-၁)ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံဆုကို (၉)ကြိမ်မြောက် ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲမစခင်ကတည်းက အိမ်ရှင် ဘရာဇီးလ်ဟာ ဗိုလ်စွဲဖို့အတွက် ရေပန်စားခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်အဆင့်မှာ အင်အားကြီး အာဂျင်တီးနားကို အနိုင်ယူခဲ့ပြီးနောက် ဖိုင်နယ်မှာ ပီရူးနဲ့ ကစားရမှာဖြစ်တာကြောင့် ဘရာဇီးလ်တို့အတွက် ချန်ပီယံဖြစ်ဖို့ ပိုမိုလွယ်ကူခဲ့ပါတယ်။

ပီရူးအသင်းဟာ အုပ်စုပွဲစဉ်မှာ ဘရာဇီးလ်ကို (၅)ဂိုးပြတ်ရှုံးထားတဲ့အတိုင်း အခုဗိုလ်ပွဲမှာလည်း ဂိုးပြတ်ထပ်အရှုံးပေးခဲ့ရပါတယ်။ ဗိုလ်လုပွဲမှာ ပီရူးကိုအနိုင်ရဖို့ ရေပန်းစားနေပေမယ့် ဘရာဇီးလ်နည်းပြ ထိထီဟာ ဒီပွဲကိုမပေါ့ဆခဲ့ဘဲ အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်စေခဲ့ပြီး ပြိုင်ဘက်ကို ပွဲစကတည်းက အသာစီးယူ ကစားခဲ့ပါတယ်။

ဘရာဇီးလ်အသင်းအတွက်ဂိုးတွေကို ဂျေးဆပ် ၊ အဲဗာတန် ၊ ရစ်ချာလီဆန် တို့ကသွင်းယူပေးခဲ့ပြီး ပီရူးတို့ချေပဂိုးကို ပွဲချိန် (၄၄)မိနစ်မှာ ၀ါရင့်တိုက်စစ်မှူး ဂွါရဲရိုးက ပင်နတီသွင်း ဂိုးဖြင့် ရယူခဲ့ပါတယ်။

ဘရာဇီးလ်တို့အတွက် ၂၀၀၇ ပြိုင်ပွဲနောက်ပိုင်း  (၁၂)နှစ်အကြာမှာ ချန်ပီယံဆုကို တစ်ကျော့ပြန် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

 


08 Jul 2019     1,424 Views




RELATED

Most Popular of Football

Most Popular of Sport