BEC-TERO TV

လတ်တလော ထိုင်းနိုင်ငံက ထိုင်းမလေးတွေအသဲစွဲဖြစ်နေတဲ့ ပိုင်တံခွန်

08 Jul 2019     2,103 Views


မော်ဒယ်၊သရုပ်ဆောင် ပိုင်တံခွန်ဟာ ဆိုရင် လတ်တလော နှုတ်ခမ်းနီမလေးတွေ အသဲစွဲတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ လူမှုကွန်ယက် ဆိုရှယ်မီဒီယာ app များဖြစ်တဲ့ facebook, instagram တို့ကနေတစ်ဆင့် အာရှနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပရိတ်သတ်တွေဆီက အသိအမှတ်ပြုခံနေရပြီပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကို နာမည်ကြီး socil media page များဖြစ်တဲ့ AsiaGuys.com , Friendzone international page များက ပိုင်တံခွန် ဓာတ်ပုံများ နှင့်တကွ ပိုင်တံခွန်ရဲ့အကြောင်းအရာများကို ဝေမျှလာပါတယ်။ ထိုင်းနိုင်ငံက ပရိတ်သတ်တွေ သူ့ကို အားပေးတာနဲ့ ပတ်သတ်ပြီး ပိုင်တံခွန်တစ်ယောက် ဘယ်လို ကျေးဇူးတုန့်ပြန်စကား ပြောကြားလာတယ်ဆိုတာ သိရှိဖို့ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ထိုင်းနိုင်ငံမှ ပရိတ်သတ်များဟာ ပိုင်တံခွန်၏ လူမှုကွန်ယက် ဓာတ်ပုံများကို မြင်တွေ့သွားပြီး မြန်မာကကောင်လေး Burmese handsome boy ဆိုပြီး ပုံများကို တင်လာကြပါတယ်။ ဒါ့အပြင် မြန်မာလို ချစ်တယ်ကို ဘယ်လိုပြောလဲ ဆိုတာကအစ လူမှုကွန်ယက်မှာ မေးမြန်းလာကြပါတယ်။

ပိုင်တံခွန်မှလဲ အခုလိုအားပေးကြတဲ့ ထိုင်းနိုင်ငံက ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း၊ သူကိုယ်တိုင်ထိုင်းနိုင်ငံက ပရိတ်သတ်တွေနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း သူ၏ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှ ပရိတ်သတ်တွေအတွက် ကျေးဇူးတင်စကားကို ဗွီဒီယိုနှင့်တကွ တင်ပေးခဲ့ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံက ပရိတ်သတ်တွေသာမက ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေ သဲသဲလှုပ်အားပေးနေကြပြီပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက အနုပညာရှင်တစ်ယောက်ကို နိုင်ငံရပ်ခြားက ပရိတ်သတ်တွေ အခုလို လိုလိုလားလားအားပေးလာကြတာ ဝမ်းသာစရာပါပဲ။

Source-Paing Takhon

(ပိုပိုလေး)

 


08 Jul 2019     2,103 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS