BEC-TERO TV

ထိုင်းတွင် မင်္ဂလာဆောင်မှ ပြန်လာသော မြန်မာအလုပ်သမားတစ်ဦး ရေနစ်သေဆုံး

08 Jul 2019     1,661 Views


ထိုင်းနိုင်ငံ မဲဆောက်ခရိုင် တက်ခ် တွင် မင်္ဂလာဆောင်မှ ပြန်လာသော  မြန်မာအလုပ်သမားတစ်ဦး စက်ရုံ၏ အနောက်ဘက်ရှိ ရေကန်ထဲတွင် သေဆုံးလျှက် တွေ့ရှိကြောင်း ထိုင်းရဲအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
သေဆုံးသူဟာ အသက် ၃၀ ဝန်းကျင်ဖြစ်ပြီး တနင်္ဂနွေနေ့ညက သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်ပွဲကို တက်ပြီး အရက်မူးကာ အလုပ်သမားများ စုပေါင်းနေထိုင်ရာ အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။
 
အဲဒီနောက် ရာသီဥတုပူတယ်ဟု ပြောဆိုကာ သူငယ်ချင်းများ တားနေသည့်ကြားထဲက စက်ရုံနောက်ဘက်ရှိ ရေကန်ကြီးထဲသို့ ရေဆင်းကူးခဲ့ပါတယ်။ နာရီအတော်ကြာတဲ့ထိ ပြန်ရောက်မလာတဲ့အတွက် သူငယ်ချင်းများက လိုက်ရှာခဲ့ရာ ကန်စပ်တွင် သူ့ရဲ့ အဝတ်အစားများကိုသာ တွေ့ရှိခဲ့သဖြင့် ရဲကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
 
ဇူလိူင်လ ၈ ရက် နံနက်စောစောပိုင်း ၁၂ နာရီခွဲ အချိန်တွင် တန်ဘုံမဲပါ စီရင်စုရှိ မိုး ၂ ကျေးရွာတွင်  အလုပ်သမားတစ်ဦး ရေကန်ထဲဆင်းသွားရာ ပြန်ပေါ်မလာတော့ကြောင်း သတင်းအရ ရဲအဖွဲနဲ့အတူ ရေငုတ်အဖွဲများပါ လိုက်ပါလာပြီး ရေကန်ထဲတွင် ရေငုတ်ပြီး တစ်နာရီခွဲ့အချိန့်ခန့် ရှာဖွေခဲ့ရပြီးနောက် ရေနစ်သူ၏ အလောင်းကို ကမ်းပေါ်သို့ပြန်သယ်နိုင်ခဲ့ကြောင်း The Nation သတင်းတွင် ဖော်ပြပါရှိသည်။ 

08 Jul 2019     1,661 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS