BEC-TERO TV

တရုတ်နံနံပင်စားပေးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

08 Jul 2019     3,557 Views


ပုံမှန်အားဖြင့် တရုတ်နံနံပင်ကို ကိုယ်ခန္ဓာအလေးချိန်လျော့ချဖို့ စားသုံးကြပြီး အများစုက ဖျော်ရည်အဖြစ်လုပ်သောက်တာမျိုးတွေလဲ ရှိပါတယ်။ တရုတ်နံနံကြီး(ခေါ်) တရုတ်နံနံမှာ အမျှင်ဓာတ်ပါဝင်မှုအားကောင်းတာကြောင့် အစာအိမ်အူလမ်းကြောင်းကို အဆိပ်အတောက်တွေ ရှင်းလင်းစေဖို့ အထောက်အကူပြုပါတယ်။ ကျန်ရှိတဲ့ တရုတ်နံနံ စားသုံးပေးခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ပိုပိုလေးနဲ့အတူ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
 
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

၁။ ကိုယ်အလေးချိန်လျော့ကျစေခြင်း

တရုတ်နံနံပင်မှာ အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝတာကြောင့် ဖျော်ရည်အဖြစ်လုပ်သောက်ပြီး စားသုံးပါက ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်မှာပဲဖြစ်ပါတယ်။

၂။ အစာချေဖျက်တဲ့နေရာမှာ အထောက်အကူပြုခြင်း

တရုတ်နံနံမှာ အရည်ထဲကို ပျော်ဝင်သွားစေတဲ့ ဂုဏ်သတ္တိတစ်ခုပါဝင်တာကြောင့် အစာချေဖို့ အတွက် တမင်တကာ ချေဖျက်စရာမလိုပဲ အရည်အဖြစ်ပြောင်းလဲသွားကာ ကျန်ရှိတဲ့ အစာကြေဖို့ ခက်ခဲတဲ့ အစားအသောက်တွေကိုပါ ကူညီချေဖျက်သွားပေးတာပဲဖြစ်ပါတယ်။

၃။ ကိုလက်စထရောဓာတ်ညီမျှစေခြင်း

တရုတ်နံနံပင်စားခြင်းအားဖြင့် သွေးဖိအား မငြိမ်ဘဲ နှလုံးခုန်မြန်စေတဲ့ ကိုလက်စထရောဓာတ်တွေ ခန္ဓာကိုယ်တွင်း ညီညွှတ်မျှတစေပါလိမ့်မယ်။

၄။ အရိုးအဆစ်နာကျင်ကိုက်ခဲမှုများကို အမြန်ဆုံးသက်သာစေခြင်း

ထိခိုက်ဒဏ်ရာတွေကို အမြန်ဆုံး သက်သာပျောက်ကင်းစေပြီး ၊ အရိုးအဆစ်ကိုက်ခဲတာတွေကိုလဲ သက်သာစေပါတယ်။

၅။ ဦးနှောက်မှတ်ဉာဏ်ကောင်းစေခြင်း

တရုတ်နံနံမှာ Luteolin အမည်ရတဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး အဆိုပါ Luteolin ဟာ ဦးနှောက်မှတ်ဉာဏ်ထဲမှာ ရှိတဲ့ မေ့ပျောက်နေတဲ့ မှတ်ဉာဏ်တွေကို ပြန်လည်နိုးကြားစေနိုင်ပါတယ်။
 
source-nutritionexp
 
(ပိုပိုလေး)

08 Jul 2019     3,557 Views




RELATED

Most Popular of Health Fix

Most Popular of Life Style