BEC-TERO TV

ဖေ့စ်ဘွခ်ပေါ်မှာ ဇနီးမယားကို တင်ရောင်းစားခဲ့သူ ဖမ်းဆီးခံရ

09 Jul 2019     1,549 Views


ငွေအသုံးလိုတဲ့အခါ ကိုယ်ပိုင်ဆိုင်တဲ့ စာအုပ်တွေ၊ ပရိဘောဂတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေကို အွန်လိုင်းပေါ်ကနေ ပြန်ရောင်းချတာတွေ မကြာခဏဆိုသလို မြင်တွေ့ဖူးပေမယ့် ဇနီးမယားကို အရောင်းပိုစ့်တင်တာကတော့ ထူးဆန်းလွန်းပါတယ်။ 
 
အင်ဒိုနီးရှားနိုင်ငံက အမျိုးသားဟာ သူ့ရဲ့ ဇနီးမယားနဲ့ ပျော်ပါးဖို့ ‘သုံးယောက်တစ်တွဲ’ ဝန်ဆောင်မှု ရနိုင်ပါပြီလို့ ဖေ့စ်ဘွခ်ပေါ်မှာ အရောင်းပို့စ်တင်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
 
အသက် ၂၉ နှစ်အရွယ် ‘အာမင် ဆန်တိုဆို’ ဆိုသူဟာ မိသားစုရဲ့ ငွေရေးကြေးရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အိမ်ထောင်သက်တမ်း ၁၂ နှစ်ကြာပေါင်းသင်းလာတဲ့ ဇနီးမယားကို အွန်လိုင်းပေါ်မှာ တင်ရောင်းစားခဲ့တာဖြစ်ပါတယ်။
 
ထူးဆန်းစွာနဲ့ သူ့ရဲ့အရောင်းပိုစ့်အောက်မှာ အင်ဒိုနီးရှုးရူပီး ၂,၀၀၀,၀၀၀ (ကျပ် ၂ သိန်း ၂ သောင်းဝန်းကျင်) နဲ့ စျေးပေးခဲ့တဲ့ ဝယ်လက်ရှိခဲ့ပါတယ်။ ဒီလိုလုပ်ရတာဟာ သူတို့ရဲ့ ကလေးနှစ်ယောက် အသုံးစရိတ်နဲ့ ကျောင်းစရိတ်အတွက်လို့ ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။
 
 
‘အာမင်’ ဟာ သာမန် အလုပ်ကြမ်း အထမ်းသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့တစ်ရက်ဝင်ငွေ ရူပီး ၅၀,၀၀၀ (ကျပ် ၅ ထောင်ကျော်) ဟာ သူမိသားစုကို လောက်ငအောင် မထောက်ပံ့နိုင်ပါဘူး။ အရင်တုန်းက ငွေကြေးအထောက်အပံ့လေးတွေ ရခဲ့ဖူးပေမယ့် အခုလက်တလော မရတော့တာကြောင့် ဇနီးဖြစ်သူနဲ့ တိုင်ပင်ပြီး သူမရဲ့ သဘောတူညီချက်နဲ့အတူ ဖေ့စ်ဘွခ်ပေါ်မှာ အရောင်းပိုစ့် တင်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။
 
ဇနီးဖြစ်သူကိုလည်း ရဲစခန်းက စစ်ဆေးခဲ့ပြီး ဒီကိစ္စကို သူမကိုယ်တိုင်လည်း သဘောတူခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် ရဲစခန်းက ‘အာမင်’ ကို တရားစွဲဆိုရန် ဆက်လက်ဖမ်းဆီးထားပြီး ဇနီးဖြစ်သူကိုတော့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 


09 Jul 2019     1,549 Views




RELATED

Most Popular of Special or Others

Most Popular of NEWS