BEC-TERO TV

ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပတ်သတ်ပြီး သက္ကမိုးညို အကောင့်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး

10 Jul 2019     1,984 Views


ပြည်သူအများ စိတ်ဝင်တစား ဝန်းရံနေကြတဲ့ ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပတ်သက်ပြီး သက္ကမိုးညို အမည်နဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်မှာ အစဉ်တစိုက် ရေးသားနေတဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းကို အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတယ် လို့သိရပါတယ်။
 
သက္ကမိုးညို ခေါ် ဒေါက်တာ ဝင်းကိုကိုသိန်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာကစတင် ထိန်းသိမ်းလိုက်ခြင်း ဖြစ်ပြီး နေအိမ်မှ ကွန်ပြူတာကိုလည်း သိမ်းဆည်းသွားခဲ့သည်ဟု သက္ကမိုးညိုနှင့် နီးစပ်သူတဦးက ပြောပါတယ်။

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး ဆေးစာပျောက်ဆုံးနေကြောင်းနှင် ့စီအိိုုင်ဒီရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက် မှားယွင်းကြောင်း ရေးသားသည် ဟုဆိုကာ ပျဉ်းမနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်မှ တရားလိုလုပ်ကာ မနေ့က အမှုဖွင့်လိုက်ခြင်းဖြစ်ပါတယ်။

သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းကို ဒီကနေ့ ဖမ်းဆီးပြီး လက်ရှိမှာတော့ ပျဉ်းမနားမြို့မရဲစခန်းမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၄(ဃ)ဟာ အာမခံပေးလို့ရတဲ့ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင်တော့ ငွေဒဏ် သိန်း ၅၀ သို့မဟုတ် ထောင်ဒဏ် ၁နှစ်ကနေ ၃နှစ်အထိ ကျခံနိုင်တယ်လို့ ပြဌာန်းထားပါတယ်။


10 Jul 2019     1,984 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS