BEC-TERO TV

ထိုင်းတွင် အရက်မူးပြီးအိပ်နေသော မြန်မာတစ်ဦး ကားကြိတ်ခံရကာ သေဆုံး (ရုပ်သံ)

10 Jul 2019     1,982 Views


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသော အသက် ၄၈ နှစ်အရွယ် ကိုကျော်သန်း မှာ အရက်မူးလွန်ပြီး ခြံတစ်ခြံ၏ရှေ့တွင် အိပ်ပျော်နေခဲ့ရာမှ ကားကြိတ်ခံခဲ့ရပြီး နေရာတင် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
 
 
ဖြစ်စဉ်မှာ ဇူလိုင်လ ၈ ရက်နေ့က ကိုကျော်သန်း မှာ အရက်အလွန်အကျွံမူးနေပြီး ဘန်ကောက်မြို့ ကမ်နယို မြို့နယ်ရှိ နေအိမ်ခြံတစ်ခြံ၏  ကားထားရန်နေရာဟု ယူဆရသော သံမန်တလင်းပေါ်တွင် လှဲလှောင်းအိပ်စက်နေခဲ့ရာ ခြံပိုင်ရှင်ဖြစ်သူက ကားမောင်းဝင်လာပြီးနောက် ကားနဲ့ တက်ကြိတ်မိခဲ့ခြင်းဖြစ်သည်။
 
ကားမောင်းသူက တစ်ခုခုကို ကြိတ်မိသည်ဟု သိသိခြင်း ဆင်းကြည့်ရာ လူဖြစ်နေကြောင်းတွေ့ခဲ့ရပြီးနောက် ကားကို ပြန်ရွေ့ရန်ပြီး ကယ်တင်ရန် အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း မရတော့သည့်အဆုံး အရေးပေါ်ကယ်ဆဘ်ရေးကို အကြောင်းကြားခဲ့သည်။
 
 
သို့ပေမယ့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်မလာမီမှာပင် ကိုကျော်သန်း မှာ သေဆုံးသွားခဲ့ကြောင်း ရုပ်သံနဲ့တစ်ကွ ဖော်ပြပါရှိသည်။
 
မှတ်ချက်။  ။ ရုပ်သံတွင် စိတ်မချမ်းမြေ့ဖွယ်ရာများ ပါရှိသဖြင့် ကြည့်ရှုသူများ ဆင်ခြင်နိုင်ရန် ကြိုတင်အသိပေးအပ်ပါတယ်။
 
 

10 Jul 2019     1,982 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS