BEC-TERO TV

ချဲလ်ဆီးနည်းပြဘဝ ပထမဦးဆုံးပွဲတွင် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ လမ်းပတ်

11 Jul 2019     1,359 Views


ယနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးအသင်း၏ ရာသီကြို ခြေစမ်းပွဲ ပထမဦးဆုံး ပွဲစဉ်မှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ နည်းပြ လမ်းပတ်၏ ပထမဦးဆုံး ပွဲဦးထွက်မှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့်  မျက်နှာပန်းမလှဖြစ်ခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘိုဟီမီနီရမ် အသင်းနှင့်  ခြေစမ်းကစားခဲ့ပြီး ၁-၁ ဖြင့်သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအတွက် ဂိုးကို ဘတ်ရှူဝါရီ က ပွဲအစ ၈ မိနစ်မှာတင် သွင်းယူပေးခဲ့ပေမယ့် ဘိုဟီမီနီရမ် အသင်းဘက် ၈၉ မိနစ်မှာ ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ UEFA ၏ လိဂ်အဆင့်သတ်မှတ်ချက်တွင် အဆင့်(၂၉)သာ ရှိသည့် လိဂ်တစ်ခုဖြစ်တာကြောင့် ချဲလ်ဆီးအသင်းအတွက် ဆိုးရွားတဲ့ ရလဒ်လို့လည်း ဆိုနိုင်ပေမည်။

အဆိုပါပွဲတွင် ချဲလ်ဆီးအသင်းဟာ လူငယ်ကစားသမားအများစုကို ထည့်သွင့်အသုံးပြုခဲ့ပြီး  ဘတ်ရှူဝါရီ၊ ဒရင့်ဝါးတား၊ အက်ဇ်ပီလီကွယ်တာ၊ ပတ်ဒရိုတို့ကဲ့သို့ ၀ါရင့်ကစားသမားများလည်း ပါဝင်ခဲ့ပါတယ်။ နည်းပြကြီး လမ်းပတ်ကတော့ သရေရလဒ်သာထွက်ပေါ်ခဲ့ပေမယ့် အသင်း၏ကစားပုံးကို ကျေနပ်အားရမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လမ်းပတ်က “ ကျွန်တော်တို့အသင်း ကစားပုံကို ကျေနပ်အားရမိပါတယ်။ ပွဲမစားရတဲ့ ကြာတဲ့အနေအထားမှ ပြန်ကစားရတဲ့အတွက်ကြောင့် အခက်အခဲ့တစ်ချို့ ရှိခဲ့ပါတယ်။ ရာသီကြိုပွဲစဉ်တွေဟာ လူငယ်ကစားသမားတွေ နဲ့ အသင်းကစားသမားတွေ ပုံစံကောင်းတွေ ၊ ကြံခိုင်မှုတွေ တိုးတက်ဖို့ အဓိကထားပြီး လုပ်ဆောင်တာဖြစ်တာကြောင့် ရလဒ်က သိပ်အရေးမပါသေးပါ ဘူး ” လို့ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းသည် ရာသီကြိုခရီးစဉ်အဖြစ် အိုင်ယာလန်နိုင်ငံတွင် ရောက်ရှိနေပြီး လာမည့်အပတ်တွင် ဂျပန်နိုင်ငံတွင် ခြေစမ်းပွဲများ ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။


11 Jul 2019     1,359 Views




RELATED

Most Popular of Football

Most Popular of Sport