BEC-TERO TV

ခွေးလေး Lucci ကိုခိုးယူသွားတဲ့အတွက်ကြောင့် သောကပင်လယ်ဝေနေတဲ့ စတာရစ်ခ်ျ

11 Jul 2019     2,011 Views


လီဗာပူးလ် တိုက်စစ်မှူး စတားရစ်ခ်ျဟာ သူအိမ်မှ ခွေးနှင့် အိတ်တွေကိုပါ ခိုးယူသွားတဲ့အတွက်ကြောင့် အလွန်ပေါက်ကွဲဒေါသ ထွက်နေပြီး သူခိုးတွေကို ဖမ်းဆီးနိုင်ဖို့အတွက် DNA စစ်ချက်ယူပြီး ဖမ်းဆီးနိုင်ဖို့ ဆောင်ရွတ်နေပြီ လို့သိရပါတယ်။

စတားရစ်ခ်ျဟာ အမေရိကန်နိုင်ငံ၊ လောစ်အိန်ဂျယ်လိစ်မြို့ရှိ သူ၏ နေအိမ်မှာ သူခိုးများက ဝင်ရောက်မွေနှောက်ခဲ့ပြီး ခွေး နဲ့ အိတ်တွေကို ခိုးယူသွားခဲ့တာပါ။ ခိုးယူခဲ့တဲ့ သူခိုးကိုလည်း ခွေးကို ပြန်ရဖို့အတွက် ပိုက်ဆံနဲ့ အလိုက်ပေးပြီ ကမ်းလှမ်းခဲ့တယ်လို့ လည်း သိရပါတယ်။

စတားရစ်ခ်ျကတော့ ခိုးယူခြင်း ခံလိုက်ရတဲ့ ဖြစ်ပျက်နေတဲ့ သူအိမ်အခြေအနေကို ဗီဒီယို ရိုက်ကူးပြီး ပရိတ်သတ်တွေကို မျှဝေခဲ့ပြီး သူရဲ့ ခွေးလေးကိုလည်း အိမ်ကို အမြန်ဆုံး ပြန်လာဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ခွေးလေး Lucci ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်တဲ့ သူကို ပေါင် (၃) သောင်း ဆုချသွားမှာ ဖြစ်ကြောင်း အင်စတာဂရမ်မှတဆင့် ကြေညာခဲ့ပါတယ်။

စတာရစ်ခ်ျဟာ Lucky Lucci ခွေးကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ ခေါ်ယူမွေးစားခဲ့တာဖြစ်ပြီး Husky မျိုးစိတ် ခွေးတစ်ကောင် ဖြစ်တယ်လို့လည်း သိရပါတယ်။ စတားရစ်ခ်ျ အိမ်မှ သူခိုးတွေ ခိုးယူသွားတဲ့ တန်ဖိုးစုစုပေါင်းဟာ ပေါင် (၁.၂) သန်း အထိ တန်ဖိုးရှိကြောင်း သိရပါတယ်။


11 Jul 2019     2,011 Views




RELATED

Most Popular of Football

Most Popular of Sport