BEC-TERO TV

အရှိုးရာတွေ ထပ်တလင်းကြမ်းနေတဲ့ မိဘမဲ့ဂေဟာ “ကရုဏာအိမ်လေး”

12 Jul 2019     4,991 Views


မိဘမဲ့ဂေဟာလေးရဲ့ နာမည်က “ကရုဏာ အိမ်လေး” ဂေဟာလေးရဲ့ နာမည်က ကြားလိုက်တာနဲ့ နွေးထွေးမှု ကြင်နာမှုတွေရဲ့ အငွေ့အသက်တွေ ခြုံလွှမ်းသွားပါတယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ မိဘမဲ့ကလေးလေးတွေဟာ ကြင်နာမှုထက် နာကျင်မှုတွေ ကြောက်ရွံ့မှုတွေ ခံစားနေရတယ်ဆိုတာ သူတို့လေးတွေရဲ့ ခြေသလုံးက ဝါးစိမ်းတုတ်နဲ့ ရိုက်ခံထားရတဲ့ အရှိုးရာအထပ်ထပ်က သက်သေပြနေပါတယ်။
 
 
မအူပင်မြို့၊ ၁၂ ရပ်ကွက်၊ ၇ လမ်းထဲမှာ ဖွင့်လှစ်ထားတဲ့ မိဘမဲ့ပရဟိတဂေဟာ “ကရုဏာ အိမ်လေး” က ကလေးတွေဟာ သူတို့တက်နေ့တဲ့ အ.ထ.က (၂) နဲ့ (၃) ကျောင်းများက အတန်းထဲမှာ ထိတ်လန့်ကြောက်ရွံနေကြတာကို တွေ့ရတဲ့အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် ရင်ခွင်မဲ့ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့မှ ဇူလိုင်လ ၁၁ ရက်နေ့က ကျောင်းသူ၊ ကျောင်းသား ကလေးတွေနဲ့ လာရောက် တွေ့ဆုံမေးမြန်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
 
 
 
ကလေးတွေက သူတို့ကို ဝါးစိမ်းတုတ်နဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေကို ပြသကြပါတယ်။ အရိုက်ခံရတဲ့အကြောင်းကို မေးမြန်းရာမှာ ထမင်းပန်းကန် တစ်ချပ်မှာ ထမင်းတွေကျန်နေပြီး ဆေးမထားတာကိုတွေ့တဲ့အတွက် အားလုံး ကလေး (၅၁) ယောက်ကို တန်းစီပြီး ဝါးစိမ်းတုတ်နဲ့ ရိုက်ခဲ့တာဖြစ်ပါတယ်။ 
 
 
 
ကလေးအငယ်ဆုံးကို ၁ ချက်စီ၊ အလတ်ကို ၂ ချက်စီနဲ့ အကြီးတွေကို ၅ ချက်စီ ရိုက်နှက်ခဲ့တယ်လို့ ကလေးတွေက ထွက်ဆိုပါတယ်။ ကလေးတွေကိုလည်း ဘာဟင်းမှမပါပဲ ပုံပါအတိုင်း ဖြစ်သလို ကျွေးမွေးနေကြောင်း သိရပါတယ်။
 
 
အဆိုပါ “ကရုဏာ အိမ်လေး” ကို တိုင်းဒေသကြီး(၂) ကိုယ်စားလှယ် ဦးသက်ကိုလေး၊ မြို့နယ်မှူးနဲ့ ရပ်တပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးနေပါတယ်။ 
 
လက်တလောမှာ ကလေးတွေကို မအူပင်မြို့ရင်ခွင်မဲ့အဖွဲ့က စောင့်ရှောက်ပေးထားပြီး “ကရုဏာ အိမ်လေး” ဂေဟာကို တရားဆွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
သတင္း - Khin M Myint

12 Jul 2019     4,991 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS