BEC-TERO TV

FIFA 19 ဂိမ်းထဲမှာ မက်စီကိုဝယ်ယူဖို့ ဖခင်ရဲ့ ဘဏ်ကဒ်ကို ခိုးယူအသုံးပြုခဲ့တဲ့ ကလေးငယ် ၄ ယောက်

12 Jul 2019     1,363 Views


FIFA 19 ဂိမ်းထဲမှာ မက်စီကို ဝယ်ယူနိုင်ဖို့အတွက် ကလေးငယ်(၄) ယောက်ဟာ ဖခင်ရဲ့ ဘဏ်အကောင့်ထဲ့က ဒေါ်လာ (၅၅၀) ကိုခိုးယူပြီး အသုံးပြုခဲ့ကြပါတယ်။ FIFA ဂိမ်းဆော့သူတွေဟာ သူတို့အသင်းကို လိုချင်တဲ့ ကစားသမားကိုရဖို့အတွက် Pack များကို ဝယ်ယူပြီး ကိုယ်ကစားသမားကို တိုးတက်အောင် လုပ်ဆောင်ရတာဖြစ်ပါတယ်။

ဖခင်ဖြစ်သူဟာ ကစားသမား တစ်ယောက်ကို ဝယ်ယူပေးခဲ့ပါတယ်။ ထို့နောက် ကလေးတွေက ဖခင်မသိအောင် ဘဏ်အကောင့်ထဲ့မှ ဒေါ်လာရာနဲ့ချီ အသုံးပြုကာ ထပ်မံဝယ်ယူခဲ့ကြပါတယ်။ သောမတ်ကာတာနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ ဘဏ်အကောင့်ထဲ့မှ ပိုက်ဆံ တစ်ပြားမှမရှိတော့တာကြောင့် ကတ်အသုံးပြုခွင့် ပိတ်သွားချိန်မှသာ ဒီအဖြစ်အပျက်ကို သိခဲ့ရတာဖြစ်ပါတယ်။

သောမတ်စ်ကာတာဟာ BBC သတင်း ဌာနနဲ့တွေ့ဆုံချိန်ရာမှာ “ကျွန်တော့ ကလေးတွေ ဒီလိုလုပ်လိမ့်မယ် လို့ ထင်တောင် မထင်မိဘူးပါဗျာ ” ဟု ရင်ဖွင့် သွားခဲ့ပါတယ်။

ဒါပေမယ့် Nintendo ကုမ္ပဏီကတော့ အဆိုပါပိုက်ဆံများကို ဖခင်ဖြစ်သူကို ပြန်ပေးသွားမှာ ဖြစ်ပြီး ကလေးတွေ ဝယ်ယူထားတဲ့ ကစားသမား Pack တွေအားလုံးကိုလည်း ပြန်လည် ပယ်ဖျက်ပေးသွားမှာ ဖြစ်တယ်လို့ သဘောတူညီမှုရရှိခဲ့ပါတယ်။

ဖခင်ဖြစ်သူက ဆက်လက်ပြီးတော့ “ ဒီ FIFA ဂိမ်းဟာ ဂိမ်းကစားသူတွေကို အလောင်အစားပြုလုပ်ဖို့ အားပေးရာကျကြောင်း ” ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး သောမတ်ကာတာက “ခင်ဗျားဟာ ဒီဂိမ်းအတွက် ပေါင်(၄၀) အသုံးပြုပြီး အသင်းကို ထိပ်တန်းအသင်းတစ်ဖြစ်ဖို့ဆိုရင် ဒီထက်ပိုတဲ့ လောင်ကစားမှုတွေပြုလုပ်ဖို့ လိုပါသေးတယ်။ ကျွန်တော် ကလေးတွေဟာ ပေါင် (၅၅၀) အသုံးပြုခဲ့ပေမယ့် သူတို့ လိုချင်တဲ့ ကစားသမား ဖြစ်တဲ့ မက်စီကိုမရခဲပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

 

 


12 Jul 2019     1,363 Views




RELATED

Most Popular of Football

Most Popular of Sport