Victorai အမှု၏ သံသယရှိသူ တရားခံအောင်ကြီးကို ယနေ့ စတင်ရုံးထုတ်စစ်ဆေးတဲ့မြင်ကွင်း
15 Jul 2019 1,673 Views


Victoria ရဲ့ သက်ငယ်မုဒိန်းမှုတွင် ပြစ်မှုကျူးလွန်သူ သံသယတရားခံဟာ အောင်ကျော်မျိုး (ခ) အောင်ကြီးလို့အမည်ရသူ ကျောင်းအုပ်ချုပ်ရေးမှုရဲ့ ဒရိုင်ဘာဖြစ်တယ်လို့ သက်ဆိုင်ရာကကြေညာခဲ့ပြီး နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ထင်မြင်ချက်နဲ့ လွဲမှားစွာဖော်ထုတ်ခဲ့တဲ့ တရားခံကြောင့် အားလုံးကကျေနပ်မှုမရှိသလို တရားခံအစစ်အမှန်ကို ဖော်ထုတ်ပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်များပေးနိုင်ရေးအတွက် ဆက်လက်လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။ ထို့ကြောင့် တရားခံနဲ့ပတ်သက်ပြီး Victoria အမှုဟာ ယခင်ကထက် လူစိတ်ဝင်စားမှုပိုမိုမြင့်တက်လာခဲ့ပါတယ်။


ယနေ့ ဇူလိုင်လ (၁၅) ရက်နေ့မှာတော့ သံသယရှိသူ တရားခံအောင်ကြီးကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် စတင်ရုံးထုတ်စစ်ဆေးပြီဖြစ်ပါတယ်။ ပထမဆုံးအကြိမ် တရားခွင်ကြားနာစစ်ဆေးမှုမစတင်ခင်မှာပင် တရားရုံးရှေ့၌ စိတ်ဝင်တစားလာရောက် စောင့်ကြည့်လေ့လာကြတဲ့ ပြည်သူများ အများအပြားရှိနေခဲ့ပါတယ်။


‘‘အမှုစစ်ဆေးမယ့်နေ့မှာ တရားရုံးအနေနဲ့ ဒေသခံတွေလာရောက်နားထောင်နိုင်ဖို့ လူ ၅၀ စာ ပြင်ဆင် ထားတယ်။’’လို့ သံသယတရားခံ ယာဉ်မောင်းအောင်ကျော်မျိုး (ခ) အောင်ကြီးရဲ့ ရှေ့နေဖြစ်သူ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ ရုံးချိန်းမှာ တခြားသက်သေတွေကို မစစ်ဆေးသေးဘဲ ရှေ့နေပါ၀ါယူတာ၊ ဥပဒေနဲ့ဆိုင် တဲ့အချက်အလက်တွေကိုပဲတင်ပြမှာဖြစ်တယ်လို့လည်း ဦးခင်မောင်ဇော်ကပြောပါတယ်။


Victorai အမှုရဲ့ သံသယရှိသူ တရားခံအဖြစ် စွဲချက်တင်ခံထားရတဲ့ အောင်ကြီးကို ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးတဲ့မြင်ကွင်းပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။





Photos_Irrawaddy
(ပိုပိုေလး)







