BEC-TERO TV

မြှားမှန်ထားတဲ့ ရွှေအိုရောင် ရှားပါးမြွေဟောက်အား တိကုဆရာဝန်ကယ်ဆယ် (ရုပ်သံ)

17 Jul 2019     1,690 Views


ရွှေရောင်အဆင်းရှိပြီး ရှားပါးတဲ့ မြွေဟောက်တစ်ကောင်ဟာ ဒေသခံအချို့ရဲ့ လက်ချက်ကြောင့် ခန္ဓာကိုယ်မှာ ထုတ်ချင်းပေါက် မြှားတစ်စင်း စိုက်ဝင်ခဲ့ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့က အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒီရှားပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး အဆိုပါမြွေဟောက်အား တိရိစ္ဆာန်ဆေးကုဆရာဝန်မှ မြှားကို နှုတ်ကာ ကယ်ဆယ်ခဲ့တဲ့ ရုပ်သံဖြစ်ပါတယ်။
 
ပူရီမြို့က ဒေသခံအချို့ရဲ့ တိုက်ခိုက်မှုကြောင့် သံနဲ့ပြုလုပ်ထားတဲ့ မြှားတစ်ချောင်း မြွေဟောက်ရဲ့ ကိုယ်လုံးထဲ ဖောက်ဝင်ခဲ့ပြီး အဆုတ် ထိခိုက်ပျက်ဆီးသွားတယ်လို့ဆိုပါတယ်။ မြွေကို တိုက်ခိုက်ခဲ့သူတွေကိုယ်တိုင်ကပဲ မြွေကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်ပြီး ဒဏ်ရာရရှိကြောင်း သတင်းပို့ခဲ့တာဖြစ်ပါတယ်။
 တိမွေးကုသိပ္ပံကျောင်းမှ တိရိစ္ဆာန်ဆရာဝန်တွေက မြွေရဲ့ကိုယ်ထဲမှ မြှားကို ဖယ်ရှားပေးခဲ့ကြပါတယ်။ မြွေဟာအသက်အန္တရာယ်မရှိတော့ပေမယ့် အဆုတ်ထိခိုက်သွားတာကြောင့် ဆက်လက်ကုသပေးဖို့လိုတယ်လို့ ဆိုပါတယ်။
 
 
ရှားပါး ရွှေအိုရောင် အိန္ဒိယမြွေဟောက်အမျိုးအစားကို အာရှနိုင်ငံတွေဖြစ်တဲ့ သီရိလင်္ကာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့မှာသာ တွေ့ရလေ့ရှိပါတယ်။ ဒီမြွေအမျိုးအစားကို အိန္ဒိယမှာတော့ ၂၀၁၇ ခုနှစ် သဘာဝတောရိုင်းတိရိစ္ဆာန်ကာကွယ်ရေး ဥပဒေအောက်မှာ ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံထားရပါတယ်။

17 Jul 2019     1,690 Views




RELATED

Most Popular of International News

Most Popular of NEWS