BEC-TERO TV

ဆောက်လုပ်ရေး တာဝါကရိန်းပြိုကျမှု ကရိန်းမောင်းနှင်သူသေဆုံး (ရုပ်သံ)

17 Jul 2019     1,863 Views


ဇူလိုင်လ ၁၆ ရက် နေ့က တရုတ်နိုင်ငံ ဒါလီယန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော တာဝါကရိန်းတစ်ခု ပြိုကျခဲ့မှုကြောင့် ကရိန်းအော်ပရေတာ သေဆုံးခဲ့သည်။
 
ကရိန်းပြိုကျခဲ့မှု ဖြစ်စဉ်အစ/ဆုံးကို အဆိုပါ လုပ်ငန်းခွင်အနီး လမ်းဆုံတွင် ခေတ္တရပ်တန့်နေသော ကား၏လုံခြုံရေးကင်မရာမှ အမှတ်မထင် မှတ်တမ်းတင်နိုင်ခဲ့သည်။
ရုပ်သံအရ တာဝါကရိန်း၏ လက်တံ ဦးစွာကျိုးကျခဲ့ပြီး မြေပြင်သို့ ရိုက်သည့်အရှိန်ဖြင့် ပင်မကရိန်းကြီးတစ်ခုလုံးပါ နောက်ပြန်လဲပြိုကျခဲ့ခြင်းဖြစ်သည်။
 
ကရိန်မောင်းနှင်သူ အော်ပရေတာကို ဆေးရုံအမြန်ပို့ခဲ့ကြပေမယ့် ဒဏ်ရာများနဲ့ သေဆုံးသွားကြောင်း သိရသည်။ ကရိန်းပြိုကျမှုအတွက် တာဝန်ရှိသူများအား ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။
 

17 Jul 2019     1,863 Views




RELATED

Most Popular of International News

Most Popular of NEWS