BEC-TERO TV

2022 FIFA World Cup ခြေစစ်ပွဲ အုပ်စုအဆင့်မှာ မြန်မာအသင်းက ဂျပန်အသင်းနဲ့အတူကျရောက်

18 Jul 2019     1,604 Views


2022 FIFA World Cup and 2023 AFC Asian Cup ခြေစစ်ပွဲစဉ်တွေအတွက် အုပ်စုပွဲစဉ်တွေကို မဲခွဲပြုလုပ်ခဲ့ပြီး မြန်မာအသင်းကတော့ အုပ်စု (F) မှာ ဂျပန် ၊ တာဂျစ်ကစ်စ္စတန် ၊  မွန်ဂိုလီယား ၊ကာဂျစ် စတဲ့ အသင်းတွေနဲ့ အတူကျရောက်ခဲ့ပါတယ်။ အခုအုပ်စုအဆင့်မှာ ပါဝင်ခဲ့တဲ့ အသင်း (၄၀) ကို ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ အသင်း (၅) သင်းစီပါဝင်တဲ့ အုပ်စု (၈) အုပ်စုခွဲပြီး ခြေစမ်းပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။

မြန်မာအသင်းကတော့ အုပ်စု (F) မှာ ဂျပန် ၊ ကာဂျစ် ၊ တာဂျစ်ကစ္စတန် ၊ မွန်ဂိုလီယားတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေခဲ့ပါတယ်။ အုပ်စု မဲခွဲဝေခဲ့တဲ့ အသင်း (၄၀) ဟာ အုပ်စုတွင်းမှာ အိမ်ကွင်းအဝေးကွင်းကစားရမှာဖြစ်တာကြောင့် တစ်သင်းကို ပွဲစဉ် (၈) ပွဲစီကစားသွားရမှာဖြစ်ပါတယ်။  ခြေစစ်ပွဲတွေကို လာမည့် စက်တင်ဘာလ (၅) ရက်နေ့ကနေ (၂၀၂၀) ဇွန်လ (၉) ရက်နေ့ထိ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ယခုယှဉ်ပြိုင်မည့် ခြေစစ်ပွဲဟာ 22 FIFA World Cup နဲ့ 2023 AFC Asian Cup နှစ်ခုစလုံးအတွက် သက်ရောက်မှု ရှိမှာဖြစ်ပြီး အုပ်စု ပထမရတဲ့ (၈) သင်းနှင့် အကောင်းဆုံး ဒုတိယ (၄) သင်းတို့ဟာ တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် 2023 AFC Asian Cup ပြိုင်ပွဲကို ခြေစစ်ပွဲ အောင်မြင်မှာဖြစ်သလို 2022 FIFA World Cup ပြိုင်ပွဲရဲ့ တတိယအဆင့် နဲ့ နောက်ဆုံးအဆင့် ခြေစစ်ပွဲတွေကို ၀င်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ခြေစစ်ပွဲတွေကို လာမည့် စက်တင်ဘာလ (၅) ရက်နေ့ကနေ (၂၀၂၀) ဇွန်လ (၉) ရက်နေ့ထိ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

အုပ်စုအဆင့်မှာ မြန်မာအသင်း ယှဉ်ပြိုင်သွားရမည့် အသင်းနှင့် နေ့ရက်များ

1. September 5, 2019 – Mongolia vs Myanmar

2. September 10, 2019 –Myanmar vs Japan

3. October 10, 2019 – Kyrgyz Republic vs Myanmar

4. November 14, 2019 – Myanmar vs Tajikistan

5. November 19, 2019 – Myanmar vs Mongolia

6. March 26, 2020 – Japan vs Myanmar 

7. March 31, 2020 – Myanmar vs Kyrgyz Republic

8. June 9, 2020 – Tajikistan vs Myanmar


18 Jul 2019     1,604 Views




RELATED

Most Popular of Football

Most Popular of Sport