Middleweight Wresting Champion ပြိုင်ပွဲမှာ တီရယ်ထန် အနိုင်ရလို့ ဝမ်းမြောက်ဂုဏ်ယူနေတဲ့ အောင်လအန်ဆန်
18 Jul 2019 2,356 Views

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနားပြည်နယ်မှာ ပြုလုပ်တဲ့ Middleweight Wresting Champion ပြိုင်ပွဲမှာ တီရယ်ထန် (The Dragon Leg) အနိုင်ရရှိခဲ့တဲ့အပေါ် အောင်လအန်ဆန်က ဝမ်းသာဂုဏ်ယူမိကြောင်း လူမှုကွန်ရက်မှာ ချီးကျူးခဲ့ပါတယ်။
.jpg)
အောင်လအန်ဆန်ကိုယ်တိုင် တီရယ်ထန်ကို ကိုယ်ခံပညာသိုင်းပါင်းစုံကို လေ့ကျင်သင်ကြားပေးနေတာဖြစ်ပြီး အခုလို သူတပည့် အမေရိကန်ပြည်ထောင်စုမှာ အောင်ပွဲခံနိုင်တဲ့အတွက်ကြောင့် ဝမ်းသာမဆုံးဖြစ်နေတာ ဖြစ်ပါတယ်။
“ Middleweight Wresting Champion ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် တီရယ်ထန် “The Dragon Leg” အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ ချင်းလူမျိုးစုတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ကိုယ့်ခံပညာရပ်များရှိနေတာဟာ အံ့အားသင့်ဖွယ်ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးစုတွေရဲ့ မတူညီတဲ့ ကိုယ်ခံပညာရပ်ကိုယ်စီ ရှိနေကြတာ ဘယ်လောက်တောင် ကောင်းလိုက်လဲဗျာ” လို့ တီရယ်ထန်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖေ့စ်ဘုတ် စာမျက်နှပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

တီရယ်ထန်ဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို ရူးသွပ်သူတစ်ဦးဖြစ်ပြီး အခုလို အောင်လအန်ဆန်နဲ့ တွေ ့ဆုံတဲ့အခါမှာ မိမိအလုပ်ကို စွန်ကာ အောင်လအန်ဆန်ထံမှာ တပည့်ခံ ပညာသင်ယူကာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားလောကကို တစ်စိုက်မတ်မတ် လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။





