BEC-TERO TV

လေယာဉ်မမီလို့ အတောင်ပံပေါ်က တွယ်လိုက်ရန်ကြိုးစားသူ (ရုပ်သံ)

22 Jul 2019     1,612 Views


ဇူလိုင်လ ၁၉ ရက် သောကြာနေ့က ပျံသန်းဖို့စတင်ထွက်ခွာနေတဲ့ ခရီးသည်တင်လေယာဉ်တစ်စီးနောက်ကို အထုတ်အပိုးတွေနဲ့ အမျိုးသားတစ်ဦး ပြေးလမ်းပေါ်ကနေ ပြေးလိုက်လာကာ လေယာဉ်အတောင်ပံပေါ် တွယ်တက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
 
Usman Adamu ဆိုသူဟာ နိုက်ဂျီးရီးယားနိုင်ငံ လာဂို့စ်လေဆိပ်ရဲ့ လေယာဉ်ကွင်း ပြေးလမ်းမထဲသို့ အိတ်တစ်အိတ်နဲ့အတူ ဝင်ရောက်ခဲ့ပြီး ပျံတက်တော့မယ့်လေယာဉ်ကို အတောင်ပံပေါ်ကနေ တွယ်လိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ လေယာဉ်မှူးနဲ့ ခရီးသည်အချို့က ဒီဖြစ်ရပ်ကို သတိထားမိလိုက်တဲ့အတွက်ကြောင့် လေယာဉ်ကို အရှိန်လျှော့က စက်သတ်ရပ်နားခဲ့ရပါတယ်။
 
အဲဒီလူက လက်မှာ လက်အိတ်တွေဝတ်ထားပြီး လေယာဉ်ဝမ်းဗိုက်ကနေ တောက်လျောက် လိုက်လာတယ်၊ လက်ထဲမှာလဲ အိတ်တစ်လုံးကိုင်လာသေးတယ်၊ နောက်တော့အဲဒီအိတ်က လေယာဉ်အင်ဂျင်ထဲ ပြုတ်ကျသွားတယ်” လို့ မျက်မြင်သက်သေ ဗီဒီယိုရိုက်ကူးခဲ့သူ ခရီးသည်တစ်ဦးဖြစ်တဲ့ Orondaam က ဆိုပါတယ်။
 
အဆိုပါအမျိုးသားကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးကာ ခရီးသည်တွေ လေယာဉ်ထဲမှာ မိနစ် ၃၀ လောက် ပိတ်မိနေခဲ့ပါတယ်။ ၂၃ မိနစ်လောက်အကြာမှာ လေဆိပ်အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာတွေ ရောက်လာကြပြီး လေကြောင်းလုံခြုံရေး ဥပဒေနဲ့ အမျိုးသားကို ဖမ်းဆီးသွားခဲ့ကြပါတယ်။ 
 
 
သူဟာ ဂါနာမြို့ကို ခရီးသွားဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေကို ပြောပြခဲ့ပေမယ့် လေယာဉ်ပြေးလမ်းထဲကို ဘယ်လိုကျော်ဖြတ် ဝင်ရောက်လာတာလဲဆိုတာကိုတော့ ပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဖြစ်စဉ်ကိုတော့ ဆက်လက်စုံစမ်းလျှက်ရှိပါတယ်။

22 Jul 2019     1,612 Views




RELATED

Most Popular of International News

Most Popular of NEWS