ပြိုင်ဘက်အသင်းနည်းပြကို ဆဲဆိုခဲ့တဲ့ LA ဂလက်ဆီ တိုက်စစ်မှူး အီဘရာဟီမိုဗစ်
22 Jul 2019 1,480 Views

LA ဂလက်ဆီ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့အပါတ်တုန်းက လော့စ်အိန်ဂျလိစ်အသင်းကို အနိုင်ရခဲ့ပြီးနောက် အောင်ပွဲခံနေစဉ်မှာ လော့စ်အိန်ဂျလိစ်အသင်းနည်းပြ ဘရက်ဒလေကို ဆဲဆိုခဲ့တယ်လို့ သိရပါတယ်။
Twitter တွင် ပျံ့နှံ့ နေတဲ့ ဗီဒီယိုဖိုင်များတွင် အီဘရာဟီမိုဗစ်ဟာ ဂိုးသွင်းပြီး အောင်ပွဲခံပြီးနောက် ဘရက်ဒလေနှင့် အချေအတင်စကားများခဲ့ပြီး ဘရက်ဒလေကို '' အိမ်ပြန်စမ်းပါ။ You little b**** အိမ်ပြန်လိုက် ''ဟု ဆဲဆိုခဲ့တယ်လို့ တွေ့ မြင်ခဲ့ရပါတယ်။
အဆိုပါ LA ဒါဘီ ပွဲစဉ်မတိုင်မီ မိမိကို လော့စ်အိန်ဂျလိစ်အသင်းတိုက်စစ်မှူး ကားလို့စ်ဗီလာ နှင့် နှိုင်းယှဉ်ဝေဖန်ခဲ့ကြတဲ့ မီဒီယာတွေရဲ့ လုပ်ရပ်ကိုလည်း မှားယွင်းကြောင်းပြောကြားခဲ့ပါတယ်။
အီဘရာဟီမိုဗစ်က “ကျွန်တော်ဟာ ကာလို့စ်ဗီလာ အပေါ်ကို လေးစားမှုအပြည့်ရှိပါတယ် ၊ သူဟာ ကစားသမားကောင်းတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ ကျွန်တော်ကို နှိုင်းယှဉ်ပြီး မီဒီယာတွေ ဝေဖန်ခဲ့ကြတာဟာ မှားယွင်းတဲ့ လုပ်ရပ်ပါ။ ကျွန်တော်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူ ဖြစ်ပြီး တချို့ကတော့ စိတ်ကြီးဝင်နေတဲ့ သူလို့ပြောကြတယ် ၊ တစ်ကယ်တော့ ဒါဟာ ယုံကြည်မှုပါ။ ” လို့ ပြောကြားခဲ့ပါတယ်။
အသက် (၃၇) နှစ်ကျော်ပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ ၂၀၁၉ မေဂျာလိဂ်ပြိုင်ပွဲတွင် LA ဂလက်ဆီအသင်းအတွက် (၁၇)ပွဲ ကစားပြီး (၁၆) ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။