BEC-TERO TV

ဟောင်ကောင်တွင် ဆန္ဒပြပြည်သူများကို စွမ်းအားရှင်များ ရိုက်နှက်ဖြိုခွင်း (ရုပ်သံ)

23 Jul 2019     1,638 Views


ဟောင်ကောင်တွင် ပြစ်မှုကျူးလွန်သူကို တရုပ်ပြည်မကြီး၏တရားစီရင်ရေးလက်အောက်သို့ လွှဲပြောင်းပေးရမည့် ဥပဒေကိုပြဌါန်းရန်ကြိုပမ်းမှုအပေါ် ဟောင်ကောင်ပြည်သူများက ခါးသီးစွာ လူစုလူဝေးနဲ့ ဆန္ဒပြနေခဲ့သည်မှာ လနဲ့ချီကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညပိုင်းမှာ တီရှပ်အဖြူရောင်များ ဆင်တူဝတ်ဆင်ထားတဲ့ လူအုပ်ကြီးက တုတ်များကိုင်ဆောင်ကာ ဆန္ဒပြသူများကို ဝင်ရောက်ရိုက်နှက်မှုဖြစ်ပွားခဲ့ပါတယ်။ ရိုက်နှက်ခံရသူတွေထဲမှာ ဟောင်ကောင်နိုင်ငံ The Stand NewsHK မှသတင်းထောက် Yuen Long ကိုယ်တိုင် သတင်းကို တိုက်ရိုက် Live ပေးပို့နေစဉ် အရိုက်ခံခဲ့ရကြောင်း သတင်းအေဂျင်စီရဲ့ ဖေ့စ်ဘွခ်မှာ ဖော်ပြထားပါတယ်။
 
 
တုတ်များဖြင့် အကြမ်းပတမ်းဝင်ရောက်ရိုက်နှက်မှုကြောင့် ဆန္ဒပြသူတစ်ဦးရဲ့ ကျောပြင်မှာ အရှိုးရာတွေထပ်နေတာ မြင်မကောင်းအောင် ဖြစ်ခဲ့ရပါတယ်။ 
 
 
အဆိုပါတီရှပ်ဖြူဝတ်ဆင်သူများဟာ မည့်သည့်အဖွဲ့အစည်းများနဲ့ ဆက်စပ်ပက်သက်နေသည်ကို မသိရှိရသေးသော်လည်း တစ်ချိန်က မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ဖူးသည့် စွမ်းအားရှင်များကဲ့သို့ ဆန္ဒပြသူတွေကို အကြမ်းဖက် ရိုက်နှက်နေတာကို ရုပ်သံမှာ တွေ့မြင်ရပါတယ်။
 
 
တီရှပ်ဖြူများက ဆန္ဒပြသူများကို ဝင်ရောက်ရိုက်နှက်တဲ့ ရုပ်သံကို နိုင်ငံတစ်ကာသတင်းဌါနများဖြစ်တဲ့ BBC, Reuters တို့အပါအဝင် အခြားသတင်းဌါနများကပါ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။
 

23 Jul 2019     1,638 Views




RELATED

Most Popular of International News

Most Popular of NEWS