ဘေးလ် နှင့် ငွေကြေးအလိုက်ရပါက နေမာကိုရောင်းမယ်လို့ ပီအက်စ်ဂျီ ကမ်းလှမ်း
23 Jul 2019 1,709 Views

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ အသင်းတိုက်စစ်မှူး နေမာအား ဘေးလ်နှင့် ငွေကြေး အလိုက် သန်း(၉၀)အလိုက်ရပါက ခေါ်ယူနိုင်မယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းထံမှာ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းလည်း အသင်းမှာ မပျော်ရွင်နေတဲ့ နေမာကို ရောင်းထုတ်ချင်နေတာကြောင့် ဘေးလ် နှင့် ငွေကြေးအလိုက်ပေးပါက နေမာကိုရောင်းထုတ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းနှင့် ဘေးလ်တို့ဟာ ဆက်ဆံရေး တင်းမာနေပြီး ဘေးလ်ကို အသင်းမှထွက်ခွာစေလိုနေတာ ဖြစ်ပါတယ်။
.jpg)
ဘေးလ်ဟာ တစ်ပတ်လုပ်ခ ပေါင် (၃၅၀၀၀၀)ဖြင့် တရုတ်ကလပ်တွေဆီ ပြောင်းရွေ့ ဖို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပြီး ရီးရဲလ်အသင်းကသာ နေမာရဲ့ အေပြာင်းအရွေ့ ကို လက်ခံစဉ်းစားလာပါက ထို့အပြောင်းအရွေ့ ဟာ ဖြစ်မြောက်လာနိုင်ဖွယ် ရှိနေပါတယ်။

နေမာဟာ အသင်းဟောင်း ဘာစီလိုနာအသင်းမှာ ကစားချင်သော်လည်း ဘာစီလိုနာအသင်းက တရားဝင်ကမ်းလှမ်းခြင်း မရှိတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနှင့် အပြောင်းအရွေ့  ဖြစ်မြောက်သွားမလားဆိုတာ……






