BEC-TERO TV

ကိတ်သာမန်းကို အနိုင်ယူပြီး အသက်အကြီးဆုံး ဝယ်လ်သာဝိတ်တန်း ချန်ပီယံဖြစ်လာတဲ့ ပက်ကွီအို

23 Jul 2019     2,403 Views


ဖိလစ်ပိုင် လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုဟာ ဇူလိုင်လ ၂၁ ရက်နေ့ အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်က MGM Grand Garden Arena မှာ ထိုးသတ်ခဲ့တဲ့ပွဲမှာ WBA ချန်ပီယံ ကိတ်သာမန်ကို အနိုင်ယူပြီး အနိုင်ယူပြီး လက်ဝှေ့သမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဝယ်လ်သာဝိတ်တန်းချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

အသက် ၄၀ ရှိပြီဖြစ်တဲ့ ပက်ကွီအိုဟာ သူထက် အသက် ၁၀ နှစ်ငယ်တဲ့ အမေရိကန်လက်ဝှေ့ကျော် ကိတ်သာမန်ကို အမှတ်နဲအနိုင်ရရှိခဲ့တာဖြစ်ပြီး အဆိုပါပွဲကို ဝယ်လ်သာဝိတ်တန်းချန်ပီယံဟောင်း ဖလွိုက် မေဝဲလ်သာအပါအဝင် ပရိသတ်(၁၅၀၀၀) ခန့်လည်း ကြည့်ရှုအားပေးခဲ့ပါတယ်။

အဆိုပါ ပွဲမှာ ပက်ကွီအိုဟာ ကိတ်သာမန်ထက် လက်ရည်၊ ထိုးချက် ပိုသာခဲ့ပြီး အမေရိကန် လက်ဝှေ့သမားကို ပွဲချီပြည့် (၁၂)ချီအထိ ရေကုန်ရေခမ်း ထိုးသတ်ခဲ့ရပါတယ်။ ပွဲအပြီးမှာ အမှတ်ပေးဒိုင် ၃ ဦးအနက် ၂ ဦးက ပက်ကွီအိုကို အနိုင်ပေးခဲ့ပြိး ကျန်တစ်ဦးက ကိတ်သာမန်ကို အနိုင်ပေးခဲ့ပါတယ်။

ပက်ကွီအိုဟာ လက်ဝှေ့ကစားသမား ဘဝမှာ ပွဲပေါင်း (၇၁) ပွဲအထိကစားထားပြီး (၆၂)ပွဲနိုင်၊ (၇)ပွဲရှုံး၊ ၂ ပွဲသရေ နဲ့ မှတ်တမ်းကောင်းများ ရရှိထားပါတယ်။ ပက်ကွီအိုဟာ ဒီပွဲကနေ ခန့်မှန်းခြေ ဒေါ်လာသန်း (၂၀) ရရှိခဲ့တယ်လို့ သိရပါတယ်။

သူဟာ လက်ဝှေ့လောက ကနေအနားယူသေးမှာ မဟုတ်ဘဲ နောင်နှစ်မှသာ ထိုးသတ်သွားမယ် လို့ သိရပါတယ်။ အခုတော့ အထက်လွတ်တော် အမတ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ဖိလစ်ပိုင်ကို ပြန်ပြီးမှာ ဆုံးဖြတ်ချက်ချမယ်လို့ ဆိုပါတယ်။

 

Ref ; worldboxingnews, borbes


23 Jul 2019     2,403 Views




RELATED

Most Popular of Boxing

Most Popular of Sport