BEC-TERO TV

ကစားသမား ၄ ဦးလောက်ကိုလိမ်ခေါက်ပြီး ဆိုလိုဂိုးတွေသွင်းပြလိုက်တဲ့ ဂျပန်မက်စီ (ခေါ်) ကူဘို

24 Jul 2019     1,401 Views


ပြီးခဲ့တဲ့လတုန်းက ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂျပန်မက်စီ (ခေါ်) တာခဲဖူစ ကူဘိုကို (၅) နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။  ဘာစီလိုနာအကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ ကူဘိုဟာ လီယွန်နယ် မက်စီနဲ့ ကစားဟန်တူတဲ့ ကစားသမားတစ်ယောက် ဖြစ်တာကြောင့် မက်စီနောက်တစ်ယောက်လို့တောင် ထင်ကြေးပေးနေကြပါတယ်။

အသက် ၁၈ နှစ်အရွယ် ကူဘိုကို ရီးရဲလ်မက်ဒရစ်အသင်းက လူငယ်အသင်းအတွက် ခေါ်ယူခဲ့တာဖြစ်ပေမယ့် သူရဲ့ ထူးချွန်တဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် နည်းပြ ဇီဒန်းဟာ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ စီနီယာအသင်းနဲ့အတူ လိုက်ပါလေ့ကျင့်စေခဲ့ပါတယ်။ ရီးရဲလ်အသင်းနဲ့ ပြုလုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာလည်း ကူဘို ဟာ စီနီယာကစားသမားတွေကြားမှာ မကြောက်မရွံကစားပြနိုင်ခဲ့သလို ဒီကစားသမားတွေရဲ့ ယုံကြည်မှုကိုပါ အရယူနိုင်ခဲ့ပါတယ်။

ကူဘို ဟာ ကွင်းလယ်တိုက်စစ် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့လိုက်ဖက်အောင် နေရာစုံမှာ ပံ့ပိုးကူညီနိုင်တဲ့ ကစားသမားတစ်ဖြစ်ပါတယ် ။ ကူဘိုဟာ ဘောလုံးSkil ပြည့်ဝတဲ့ ကစားသမားတစ်ဦးဖြစ်သလို ဘောလုံးဦးနှောက်ကောင်းတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဒါ့အပြင် Dribbling Skill လည်းမွန်တာကြောင့် တစ်ဖက်ခံစစ်ကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပါတ်က ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ( ၃ – ၁ )နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ကူဘိုဟာ ဒုတိယပိုင်းမှာ တိုနီကရူးစ် ကစား လူစားဝင်ကစားခဲ့ပြီး ခြေစွမ်းပြ ကစားထားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ကစားသမား ဒစ်ဗီးနဲ့ ဘောလုံးယှဉ်လုချိန်မှာ ကူဘိုဟာ ပါးပါးနပ်နပ် ဒစ်ဗီးရဲ့ ခြေထောက်နှစ်ချောင်း ကြားမှ ဘောလုံးကို ရအောင်ယူနိုင်ခဲ့ပါတယ်။ အဲဒီလို ဘောလုံးကို ဦးနှောက်အပြည့်နဲ့ ကစားတတ်တဲ့ ကူဘိုကို ရီးရဲလ်မက်ဒရစ် ပရိတ်သတ်များက ဝိုင်းဝန်ချီးကျူးခဲ့ပါတယ်။

ဇူလိုင်လ (၂၂) ရက်နေ့က ရီးရဲလ်ကစားသမားများ နှစ်ဖက်ခွဲ ကစားတဲ့ ထရိန်နင်မှာလည်း ရီးရဲလ်ကစားသမား ၃ ဦး ၄ ဦးလောက်ကို အသာအယာ လိမ်ခေါက်ပြီး ဆိုလိုဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို ပြောင်မြောက်တဲ့ ကစားပုံတွေကြောင့် ရီးရဲလ် ပရိတ်သတ်တွေမက ဘောလုံးချစ်ပရိတ်သတ်တွေကလည်း မချီးကျူးဘဲ မနေနိုင်အောင်ပါပဲ..

ယခုအချိန်မှာ ကူဘိုဟာ အသက် ၁၈  နှစ်သာရှိသေးတာကြောင့် ဒီထက်ပိုကောင်းလာနိုင်တဲ့ အလာအလာတွေရှိတာကြောင့် နောင်အနာဂါတ်မှာ အာရှရဲ့  လီယွန်နယ် မက်စီ တစ်ယောက် ပေါ်ထွန်းလာမလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ….

 


24 Jul 2019     1,401 Views




RELATED

Most Popular of Football

Most Popular of Sport