BEC-TERO TV

အင်စတာဂရမ်မှာ ပို့စ်တစ်ခုတင်တိုင်း ပေါင် (၈) သိန်းနီးပါးရရှိတဲ့ ရော်နယ်ဒို

24 Jul 2019     1,571 Views


ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ ပို့စ်တစ်ခုတင်တိုင်း ဝင်ငွေအများဆုံးရတဲ့ အားကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ HopperHQ ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဘောလုံးလောကမှာသာမက စီးပွာရေးဘက်မှာ ထူးချွန်အောင်မြင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

အသက် (၃၄)နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ Followers (၁၇၃)သန်းရှိပြီး ပို့စ်တစ်ခုတင်တိုင် ပေါင်  (၇၈၄၀၀၀) ရရှိတယ်လို့ သိရပါတယ်။ သူရဲ့ နောက်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘရာဇီးလ် နေမာက Followers (၁၂၁သန်း) နဲ့ ပိုစ်တစ်ခုတင်တိုင်း ပေါင် (၅၈၀၀၀၀) ရရှိတယ်လို့ သိရပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်စီကတော့  Followers (၁၂၃သန်း) ရှိပြီး ပို့စ်တစ်ခုတင်ရင် ပေါင်(၅၂၁၀၀၀)နဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ထိပ်ဆုံး (၁၀)ဦးစာရင်းတွင် ဘောလုံးမှ (၈)ဦးအထိပါဝင်နေပြီး ဘက်စကတ်ဘောနှင့် ခရစ်ကတ်တို့မှ တစ်ဦးစီသာ ပါဝင်ခဲ့ပါတယ်။ အဆိုပါကစားသမားနှစ်ဦးမှာ အမေရိကန်နာမည်ကျော်NBA ပြိုင်ပွဲဝင် လီဘရွန်ဂျိမ်းစ်နှင့် အိန္ဒိယခရစ်ကတ်ကစားမား ဗီယက်ခိုလီတို့ ဖြစ်ပါတယ်။

ထို့စာရင်းတွင် ဘောလုံးလောကမှ အနားယူပြီးဖြစ်တဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်း Followers (၅၇သန်း) နှင့် ဘရာဇီးလ်ကွင်းလယ်လူဟောင်း ရော်နယ်လ်ဒင်ဟိုက Followers (၄၇ သန်း) ဖြင့် ပါဝင်လာခဲ့ပါတယ်။

Ref; the sun


24 Jul 2019     1,571 Views




RELATED

Most Popular of Football

Most Popular of Sport