BEC-TERO TV

လူစားဝင် ဂိုးသွင်းခဲ့တဲ့ ဂါရက်ဘေးလ်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့တဲ့ ဇီဒန်း

24 Jul 2019     1,332 Views


ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ ဒီနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ICC Cup ပွဲစဉ်မှာ အသင်းအတွက် လူစားဝင်ပြီး ဂိုးသွင်းယူပေးခဲ့တဲ့ ဂါရက်ဘေးလ် ကို ချီးကျူးစကားတွေ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ပထမပိုင်း ပွဲချိန် ၉ မိနစ်မှာ နောက်ခံလူ နာချို ဖာနန်ဒက် ထုတ်ခံခဲ့ရတာကြောင့် ပွဲကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပထပိုင်းအတွင်းမှာ အာဆင်နယ်အသင်းမှ လက်ကာဇက် ၊ အူဘာမီယန်း တို့ရဲ့ သွင်းဂိုးတွေရဲ့ ဦးဆောင်ခြလင်းခံခဲ့ရပါတယ်။

ပထမပိုင်း ပြီးခါနီးမှာ အာဆင်နယ် အသင်းရဲ့ နောက်ခံလူ ပါပါစတာသို ပူးလော့စ်ကလည်း နှစ်ဝါ တစ်နီဖြင့် ထုတ်ခံခဲ့ရပါတယ်။ ထို့နောက် ရီးရဲလ်မက်ဒရစ်အသင်းက လူအပြောင်းအလဲလုပ်ခဲ့ပြီး လူစားဝင်ကစားသမား ဂါရတ်ဘေးလ်နှင့်  အဆန်စီယိုတို့က ချေပဂိုးတွေ ဆက်တိုက် သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာ ၂-၂ သရေကျခဲ့ပြီး ပင်နတီ ဆက်ကန်ရာ ရီးရဲလ်မက်ဒရစ်အသင်းက (၃-၂) ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပင်နတီ ကန်သွားရာမှာတော့ ဂါရတ်ဘေးလ် ဟာ လွဲချော်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဂါရတ်ဘေးလ် နဲ့ ပတ်သက်ပြီး နည်းပြ ဇီဒန်းက “ကျွန်တော်တို့အသင်း (၁၀) ယောက် (၁၁) ယောက် အနေအထားမှာ အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပြီး (၁၁) ယောက် (၁၁) အနေအထားမှာ ပိုကောင်းခဲ့ပါတယ်။ ဂါရက်ဘေးလ် ဂိုးသွင်း ခြေစွမ်းပြနိုင်တဲ့အတွက် သူလည်း ပျော်ရွင်သလို အားလုံးလည်း ပျော်ရွင်ရပါတယ်။ ဒီနေ့ ကစားပုံကောင်းချင် ကောင်းပေမယ့် မနက်ဖြန်ကောင်းချင်မှ ကောင်းမှာပါ။ ကျွန်တော့ ဆုံးဖြတ်ချက်ကတော့ ပြောင်းလဲမှာမဟုတ်ဘဲ အရင်အတိုင်းပါပဲ “ လို့ပြောကြားခဲ့ပါတယ်။


24 Jul 2019     1,332 Views




RELATED

Most Popular of Football

Most Popular of Sport