ရေဘေးဒုက္ခသည်များအတွက် ရူပီ (၅၁) သိန်းလှူဒါန်းခဲ့တဲ့ ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်း
24 Jul 2019 1,621 Views

ကမ္ဘာကျော် ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်း (Amitabh Bachchan)ဟာ အိန္ဒိယနိုင်ငံ အာသံပြည်နယ် ရေးဘေးဒုက္ခသည်များအတွက် ရူးပီငွေ (၅၁) သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ရေးဘေးကြောင့် ရွှာပေါင်း (၂၅၀၀) ကျော် ဒုက္ခရောက်နေကြနေပြီး လူအများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။
ဒါကြောင့် ကမ္ဘာ့ ကျော်မင်းသားကြီး အမီတာဘဂျမ်းက ရေဘေး ကြုံတွေ့ခဲ့ရသူတွေအတွက် ရက်ရက်ရောရော နဲ့ ရူပီငွေ (၅၁) သိန်းလှူးဒါန်းခဲ့ပါတယ်။ ပြီးနောက် သူ၏ တွက်တာစာမျက်နှာမှာလည်း ဒုက္ခရောက်နေကြရတဲ့ ဒုက္ခသည်များကို လက်တွဲကူညီကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
မင်းသားကြီးရဲ့ လှူဒါန်းမှုနဲ့ ပတ်သက်လို့ အာသံပြည်နယ် ဝန်ကြီးချုပ်က “ရူးပီငွေ (၅၁) သိန်း လှူဒါန်းခဲ့တဲ့အတွက် မင်းသားကြီးကို ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ဂရုစိုက်ကြောင်း ပြသတဲ့ မင်းသားကြီး အမီတာဘဂျမ်းကို လုပ်ရပ်ကိုလည်း အထူးလေးစားမိပါတယ်။ ” လို့ Twitter မှာ ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၁၇) ရက်နေ့ကလည်း မင်းသား Akshay Kumar ဟာလည်း ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ ရူပီးငွေ ( ၂ ) ကုဋေ လှူဒါန်းခဲ့ပါတယ်။ အဆိုပါ ထဲ့မှာ (၁) ကုဋေကို Kaziranga အမျိုးသားပန်းခြံ ကယ်ဆယ်ရေးအတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ရေးဘေးကြောင့် ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို ဒုက္ခရောက်နေကြရပြီး ကယ်ဆယ်ရေးစခန်းပေါင်း (၆၅၉) ခုဖွင့်လှစ်ထားပြီး အကူအညီပေးနေတယ်လို့ သိရပါတယ်။
Ref ; eastmojo