BEC-TERO TV

ကြော်ငြာဆိုင်းဘုတ်ကြီး ပြိုကျလာပြီးနောက် အခြားဆိုင်းဘုတ်များ စစ်ဆေးမည်

25 Jul 2019     1,745 Views


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒိုမောင်းစီရင်စုတွင် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ ကြော်ငြာဆိုင်းဘုတ်ကြီး ဇူလိုင်လ ၂၃ ရက်နေ့က မိုးသည်းထန်စွာရွာပြီး လေပြင်းများတိုက်ခတ်မှုတို့ကြောင့် စတင်ပြိုကျခဲ့ပါတယ်။
 
 
ဆွိုင်ဘစ်ဟာဝတီ ရန်ဆစ် ၇၂ လမ်းမှာ စိုက်ထူးတားတဲ့ ဆိုင်းဘုတ်ကြီးက လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော ကားများပေါ်သို့ အချိန်မရွေး လဲပြိုကျနိုင်တဲ့အတွက် ဘန်ကောက်မြို့တော် စီမံရေးဌါနက ပိုင်ရှင်ကို အကြောင်းကြားပြီး ချက်ခြင်းဖယ်ရှားဖို့ ညွှန်ကြားခဲ့ပါတယ်။
 
 
 
ဘီလ်ဘုတ်ကြောငြာခေတ်ကျဆုံးသွားပြီးနောက် အဆိုပါ ဆိုင်းဘုတ်ကြီးမှာ ပစ်ထားခဲ့တာကြောင့် တစတစယိုယွင်းပျက်ဆီးလာပြီး ပြိုကျမယ့်အန္တရာယ်ရှိနေခဲ့တာဖြစ်ပါတယ်။
ဆိုင်းဘုတ်ပိုင်ရှင်က အလုပ်သမားများ ကရိန်းကားများစေလွှတ်ပြီးနောက် ဖျက်ချခဲ့ပါတယ်။ မြို့တော် စီမံအုပ်ချုပ်ရေးအနေနဲ့ အခြား ဘေလ်ဘုတ်ကြော်ငြာ ဆိုင်းဘုတ်ကြီးများရဲ့ ကြံ့ခိုင်ရေးကို ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
 

25 Jul 2019     1,745 Views




RELATED

Most Popular of International News

Most Popular of NEWS