BEC-TERO TV

အောင်သူကို ပွဲထွက်ခွင့်ပိုပေးဖို့ တောင်းဆိုခဲ့ကြတဲ့ မြောင်တောင်အသင်း ပရိတ်သတ်များ

29 Jul 2019     1,649 Views


၂၀၁၉ ထိုင်းလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၀)အဖြစ် ယှဉ်ပြိုင်ကစားခဲ့သောပွဲစဉ်တွင် မြောင်တောင်အသင်း တိုက်စစ်မှူး အောင်သူဟာ မြောင်တောင်အသင်းအတွက် အနိင်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲတွင် လူစားဝင်ကစားသမား အဖြစ်နဲ့သာ ပါဝင်ခွင့်ရရှိခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ရာသီအတွက် အောင်သူဟာ မြောင်တောင်အသင်းအတွက် (၂) ဂိုးမြောက် သွင်းဂိုးဖြစ်ပါတယ်။

မြန်မာလက်ရွေးစင်အသင်း တိုက်စစ်မှူး အောင်သူဟာ မြောင်တောင်အသင်းမှာ အရံကစားသမား အဖြစ်နဲ့သာ ပါဝင်ခွင့်ရရှိခဲ့ပြီး ပွဲထွက်ခွင့်အတွက် ရုံးကန်နေရတာဖြစ်ပါတယ်။ အောင်သူဟာ လူစားဝင် ပါဝင်ခွင့်ရတဲ့ အချိန်တွေမှာ ခြေစွမ်းပြကစားထားနိုင်တာကြောင့် မြောက်တောင် အသင်း ပရိတ်သတ်တွေရဲ့ ယုံကြည်မှုကို ရရှိခဲ့ပြီး မြောက်တောင် အသင်း ပရိတ်သတ်တွေက နောက်လာမယ့် ပွဲစဉ်တွေမှာ အောင်သူကို ပွဲထွက် (၁၁) ယောက်မှာ ပါဝင်ခွင့်ရဖို့အတွက် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒီရာသီတွင် ရလဒ်ဆိုးရွားနေတဲ့ မြောင်တောင်အသင်းဟာ အမှတ်ပေးဇယားအောက်ဖက်တွင်ရပ်တည်နေပြီး တန်းမဆင်းရဖို့အတွက် လက်ကျန်ပွဲစဉ်များအားလုံးမှာ မြောင်တောင်အသင်းအတွက် အမှတ်ရယူရန် လိုအပ်နေပါတယ်။

အဆိုပါ ပွဲစဉ်တွင် တိုက်စစ်မှူးအောင်သူက ပွဲချိန်(၈၀)မိနစ်တွင် ညာတောင်ပံမှတဆင့် ဧရိယာအတွင်းသို့ဆွဲယူကာ ညာခြေဖြင့် အသာအယာသွင်းယူတာ ဖြစ်ပါတယ်။ မြောင်တောင်အသင်း နည်းပြက အောင်သူကို ပွဲကစားခွင့်အတွက် အခွင့်အရေးပေးလာပြီး အောင်သူက ရလာတဲ့ အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်လာမယ့် ပွဲစဉ်တွေမှာ အောင်သူကို ပွဲထွက်စာရင်းမှာ မြင်တွေ့ ရတော့မှာလားဆိုတာကိုတော့……


29 Jul 2019     1,649 Views




RELATED

Most Popular of Football

Most Popular of Sport