BEC-TERO TV

Mr.Peabody & Sherman : Moive

03 Sep 2015     1,342 Views


သိပ္ပံပညာရှင်၊ နှစ်ထပ်ကွမ်း အိုလံပစ်ချန်ပီယံ၊ လုပ်ငန်းရှင်၊ တီထွင်ဖန်တီးရှင်၊ ပါရမီရှင် မစ္စတာပီးဘော်ဒီဟာ ရှားမင်းဆိုတဲ့ ၈နှစ်အရွယ်ကောင်းလေးတစ်ယောက်ကို မွေးစားခွင့်ရခဲ့ပါတယ်။ ရှားမင်းဟာ ကျောင်းစတက်တဲ့နေ့မှာပဲ ဂျော့ဝါရှင်တန် အကြောင်းအငြင်းပွားရင်းနဲ့ ပင်နီပက်တာဆင်ဆိုတဲ့ အခြားကျောင်းသူလေးတစ်ဦးကို ကိုက်လိုက်မိပါတယ်။ မစ္စတာပီးဘော်ဒီဟာဒီပြသာနာကို ထိန်းမနိုင်သိမ်းမရဖြစ်ချိန်မှာတော့ ပင်နီနဲ့ သူ့မိဘတွေကို နယူးယောက်က သူ့အိမ်ကိုညစာဖိတ်ကျွေးခဲ့ပါတယ်။

အဲဒီနောက် ၁၀မိနစ်လောက်ကြာမှာပဲ ရှားမင်းဟာ မစ္စတာပီးဘော်ဒီတီထွင်ထားတဲ့ ‘နောက်ကြောင်းပြန်’ဆိုတဲ့ ကာလယန္တကြီးကို ပင်နီ့ကို ပြလိုက်မိပါတယ်။ အကျိးရလဒ်ကတော့ ပင်နီနဲ့ ရှားမင်းတို့ဟာ ရုတ်တရက်ပဲ ရှေးဟောင်းအီဂျစ်ပြည်ကိုရောက်သွားကြတော့တာပါပဲ။ အဲဒီမှာတင် အီဂျစ်ဘုရင် ‘တု’က ပင်နီကိုလက်ထပ်ချင်တယ် ဖြစ်လာပါတော့တယ်။ ရှားမင်းဟာသူ့ကိုကယ်တင်ဖို့ မစ္စတာပီးဘော်ဒီဆီကို ပြန်သွားပြီးနောက် သူတို့သုံးဦးဟာ အကန့်အသတ်ရှိနေတဲ့စွမ်းအင်နဲ့အတူ ပင်နီရဲ့မိဘတွေအခြေအနေကို သိရှိမသွားခင် လက်ရှိကာလကိုပြန်ရောက်ဖို့ ကြိုးစားကြရပါတော့တယ်။ ဒါရိုက်တာရော့ဘ်မင်ကော့ဖ်ဘာတ်တို့ ပါဝင်ထားတဲ့ ဟာသစွန့်စားခန်းအင်နီမေးရှင်း ဇာတ်ကားလေးပါ။


03 Sep 2015     1,342 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment