BEC-TERO TV

ကြည့်မိသူတိုင်းသဘောကျနေကြတဲ့ အမိုက်စားပို့စ်များနဲ့ ၀ါဆိုမိုးဦးနဲ့ဖြိုးလေးတို့စုံတွဲ

31 Jul 2019     2,393 Views


သီချင်းချစ်သူတွေကြား ဘကြီးဖြိုးလို့နာမည်ကြီးတဲ့ ရက်ပါအဆိုတော် ဖြိုးလေးနဲ့ ကောက်ကြောင်းလှလှတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မင်းသမီးချောလေး ၀ါဆိုမိုးဦးတို့စုံတွဲကတော့ လိုက်ဖက်ညီလွန်းလှတဲ့ချစ်သူစုံတွဲလေးဖြစ်ပြီး ပရိသတ်တိုင်းကချစ်ခင်အားပေးကြရတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်ပြီး လိုက်ဖက်ညီလွန်းလှတဲ့ချစ်သူနှစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသူတွေပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

စွဲမက်ဖွယ်ကောက်ကြောင်းအလှကြောင့် ပုရိဿတွေကြားနာမည်ကြီးတဲ့ ၀ါဆိုမိုးဦးကို ချစ်သူအဖြစ်ပိုင်ဆိုင်ထားရတဲ့ ဖြိုးလေးကတော့ ယောကျာ်းထုကြီးအတွက်မနာလိုအားကျစရာကောင်းတဲ့ ကံကောင်းသူကြီးတစ်ဦးပါနော်...ဖြိုးလေးကတော့ ချစ်သူဖြစ်သူရွှေမင်းသမီးလေးရဲ့ အလှအပတွေကိုရေးစပ်သီကုံးကာ သီချင်းတွေထဲမှာတောင် ဂုဏ်ယူစွာထည့်သွင်းသီဆိုခဲ့တာကိုကြည့်ခြင်းဖြင့် ၀ါဆိုမိုးဦးကိုဘယ်လောက်ထိချစ်တယ်ဆိုတာကတော့ အတိုင်းသားကိုပေါ်လွင်နေတာဖြစ်ပါတယ်။

အနုပညာအလုပ်တွေလုပ်ရင်း အားလပ်ချိန်တွေမှာ ခရီးခဏခဏထွက်တက်သေးတဲ့ ၀ါဆိုမိုးဦးတို့ချစ်သူစုံတွဲကတော့ လတ်တလောမှာချောင်းသာကမ်းခြေကို ရောက်ရှိနေတာဖြစ်ပြီး အမိုက်စားပို့စ်တွေနဲ့ နှစ်ယောက်သားဓာတ်ဖမ်းခဲ့တာကို တွေ့မြင်ရပါတယ်။ ယခုနောက်ပိုင်း အွန်လိုင်းဆိုရှယ်မီဒီယာတွေမှာ ခေတ်စားလာတဲ့ ဓာတ်ဖမ်းနည်းပို့စ်တွေနဲ့ ချစ်သူနှစ်ဦးကြားပုံဖော်ရိုက်ကူးထားတဲ့ ပုံရိပ်တွေက ပရိသတ်တွေကိုပါသဘောကျစေခဲ့ရပါတယ်။

သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုတော့ ၀ါဆိုမိုးဦးက “ကိုယ်တွေ ဒီလိုပြောင်နောက်နေတတ်တာ ဘယ်သူမှမသိကြဘူးမလား” ဆိုပြီး နောက်ပြောင်ပြီးတင်ထားတာဖြစ်ပါတယ်။ ကြည့်မိသူတိုင်းသဘောကျသွားစေမယ့် ၀ါဆိုမိုးဦးနဲ့ဖြိုးလေးတို့ချစ်သူစုံတွဲရဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

 

(ပိုပိုလေး)

 

 


31 Jul 2019     2,393 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment