ကိုယ်အလေးချိန်တက်ပြီး ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်ခံနေရတဲ့ ဟာဇက်
31 Jul 2019 1,882 Views

ယခုနှစ် နွေရာသီမှ ချဲလ်ဆီးအသင်းကနေ ရီးရဲလ်အသင်းကို ပြောင်းရွေ့ ခဲ့တဲ့ အီဒင် ဟာဇက်ဟာ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်ခံနေရပါတယ်။ ရီးရဲလ်အသင်းဟာ ကြယ်စင်စုအသင်း အဖြစ် ပြန်လည်တည်ဆောင်ဖို့အတွက် ဟာဇက် တို့လို အရည်အသွေးမြှင့် ကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် ရာသီကြိုပွဲစဉ်တွေမှာ ဆိုးရွာတဲ့ရလဒ်ဆိုးတွေကြောင့် ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်။
.jpg)
မနေ့က ရီးရဲလ်အသင်းဟာ အော်ဒီ ဖလား ပွဲစဉ်မှာ စပါးအသင်းကို ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီး ဟာဇက်ဟာ ခြေစွမ်းပြဖို့ ရုံးကန်ခဲ့ရပါတယ်။ ဟာဇက်ဟာ ရီးရဲလ်အသင်းကိုရောက်ရှိပြီးနောက်ပိုင်း ခန္ဓာကိုယ် အလေးချိန် ၇ ကီလိုဂရမ်အထိ တက်ခဲ့တာကြောင့် ပြေးလွှားရာမှာ လေးလေးကြီးဖြစ်နေတာကြောင့် ရီးရဲလ် ပရိတ်သတ်တွေရဲ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

ဟာဇက်ဟာ တစ်ရက်နဲ့တစ်ရက် ခန္ဓာကိုယ်ဟာ ဝလာတာကြောင့် ဝပုကြီးဖြစ်နေပြီး ဒီအတိုင်းဆို သူကိုယ်ကိုတောင် နိုင်မှာမဟုတ်တော့ဘူးလို့ ရီးရဲလ်ပရိတ်သတ်တွေက ပြောဆိုနေကြပါတယ်။ ရီးရဲလ်အသင်းဟာ ဒီရာသီ ရာသီကြိုခြေစွမ်းပွဲစဉ်တွေမှာ ၁ ပွဲသရေ ၃ ပွဲအထိရှုံးနိမ့်ထားခဲ့ပြီး မြို့ခံပြိုင်ဘက် အက်သလက်တီကို အသင်းကိုလည်း ၃-၇ ဖြင့်ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် အရှက်ရဖွယ် ဖြစ်ခဲ့ပါတယ်။
ဒီရာသီမှာ ရီးရဲလ်အသင်းဟာ ဟာဇက် ၊ ဂျိုဗစ် ၊ မီလီတို ၊ မန်ဒီ ၊ ရိုဒရီဂို စတဲ့ အရည်အသွေးမြင့် ကစားသမားများကို ခေါ်ယူထားပြီး ပြောင်းရွေ့ ကြေး ယူရို သန်း (၃၀၀) နီးပါး အသုံးပြုထားတာ ဖြစ်ပါတယ်။






