FIFA The Best ဆုကြီးကို ဘယ်သူက ရရှိသွားမှာလဲ.?
01 Aug 2019 1,661 Views

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ FIFA The Best ဆုအတွက် ဆန်ခါတင်စာရင်းကတော့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဆန်ခါတင်(၁၀) ဦး စာရင်းမှာ နှစ်စဉ်ပါဝင်နေကျဖြစ်တဲ့ မက်စီ ၊ ရော်နယ်ဒို တို့လည်း ပါဝင်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် FIFA The Best ဆုကို ခရိုအေးရှားနှင့် ရီးရဲလ်ကစားသမား မိုဒရစ်က ဆွပ်ခူးရရှိခဲ့ပါတယ်။
ဆန်ခါတင်(၁၀) ဦးစားရင်းမှာ ပရီးမီးယားလိဂ်မှ လီဗာပူးလ် ကစားသမား (၃) ဦးအထိပါဝင်ခဲ့ပြီး ၎င်းတို့မှာ ဗန်ဒိုက် ၊ မာနေး ၊ ဆာလက် တို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် ချဲလ်ဆီးမှာ ဟာဇက် ၊ စပါးအသင်းမှ ဟာရီကိန်းတို့ ပါဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ အေဂျက်စ်အသင်းနှင့် နယ်သာလန် လူငယ်ကစားသမား ဒီလစ် ၊ ဒီဂျောင် တို့လည်းပါဝင်ခဲ့ပါတယ်။ ပြင်သစ်လီဂူးဖလားကို ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူး မက်ပီလည်း ပါဝင်ခဲ့ပါတယ်။
လက်ရှိမှာ FIFA The Best ဆုရရှိဖို့အတွက် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ရေပန်းစားဆုံးဖြစ်နေပြီး သူနောက်မှာ ရော်နယ်ဒို ၊ မက်စီတို့က ရရှိနိုင်တဲ့ အနေအထားတွေမှာရှိပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွပ်ခူးနိုင်ခဲ့ပြီး နေရှင်းလိဂ်ပြိုင်ပွဲမှာ နယ်သာလန်အသင်းနဲ့ ဆီးမီးအထိ ရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ မက်စီက သက်ဆိုင်ရာ အမှတ်ပေးဖလားတွေကို ဆွပ်ခူးနိုင်ခဲ့ပြီး ရော်နယ်ဒိုကတော့ ပေါ်တူဂီအသင်းနဲ့ နေရှင်းလိဂ်ဖလားကို ရရှိနိုင်ခဲ့ပါတယ်။
ဆုရွေးချယ်မှုကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ပရိသတ်တစ်ဦးကို တစ်ကြိမ် ဆန္ဒမဲပေးခွင့်ရရှိမှာဖြစ်ပါတယ်။ FIFA The Best လာမည့် စက်တင်ဘာလ (၂၃)ရက်နေ့၊ အီတလီနိုင်ငံ၊ မီလန်မြို့မှာ ရွေးချယ်ကြေညာသွားမှာဖြစ်ပါတယ်။
ဘယ်သူက FIFA The Best ဆုကြီးကို ရရှိသွားမယ်လို့ထင်လဲ..?