မိုနာကိုကြယ်ပွင့် ကစားသမားတစ်ဦးကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ မန်ယူ
01 Aug 2019 1,533 Views

မန်ယူအသင်းဟာ မိုနာကို အသင်းကွင်းလယ်လူ မက်ဘရီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီ လို့ RMC Sport သတင်းအရ လို့သိရပါတယ်။ အသက် ၁၆ အရွယ် မက်ဘရီဟာ ပြင်သစ်ယူ-၁၆ အသင်းမှာ ပါဝင်ကစားနေပြီး နောင်အနာဂါတ်မှာ တောက်ပလာမယ့် ကြယ်ပွင့်အဖြစ်လည်း သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
မက်ဘရ်ီရဲ့ အေဂျင့်ဖြစ်သူဟာ နာမည်ကျော် အေဂျင့် ဂျော့်မန်ဒက်စ် ဖြစ်ပြီး မန်ယူအသင်းနဲ့ မက်ဘရီတို့ရဲ့  အပြောင်းအရွေ့ ကို ဆောင်ရွတ်ပေးနေတယ်လို့လည်း သိရပါတယ်။
.jpg)
မန်ယူအသင်းက မက်ဘရီအတွက် ပေါင် (၄) သန်းဖြင့်သာခေါ်ယူလိုသော်လည်း မိုနာကိုအသင်းက ပေါင် (၉) သန်းအထိအလိုရှိနေတာဖြစ်ပါတယ်။ ပေါင် (၉) သန်းတန်ကြေးဟာ လက်ရှိဘောလုံးလောကမှာ လူငယ်ကစားသမားတစ်ဦးအတွက် များပြားတဲ့ ပြောင်းရွေ့ ကြေး တရပ်ဖြစ်ပါတယ်။

မက်ဘရီဟာ မိုနာကိုအသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၁ အထိရှိနေသော်လည်း မိုနာကိုအသင်းနှင့် သူရဲ့ မိသားစုတို့ဟာ ဆက်ဆံမပြေလည်တာကြောင့် အသင်းပြောင်းရွေ့ ကစားလိုနေခြင်း ဖြစ်ပါတယ်။
မက်ဘရီကို အသင်းကြီးတွေဖြစ်ကြတဲ့ လီဗာပူးလ် ၊ ချဲလ်ဆီး ၊ အာဆင်နယ် ၊ ဘိုင်ယန်မြူနစ် အသင်းတို့က စိတ်ဝင်စားခဲ့သော်လည်း ယခုအခါမှာ ချဲလ်ဆီးအသင်းက သူကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။






