BEC-TERO TV

ကောင်မလေးနဲ့ ချစ်တင်းနှောနေတာကို Live လွှင်မိသွားတဲ့ စပါးကစားသမားဟောင်း

01 Aug 2019     2,019 Views


စပါးကစားသမားဟောင်း ဖြစ်တဲ့ကင်မရွန်းတိုက်စစ်မှူး အန်ဂျီ ကို လူသိနည်းကျပေမယ့် သူရဲ့ ရယ်စရာ ဖြစ်ရပ်တစ်ခုကြောင့် ပရိတ်သတ်တွေ ဟာသဖြစ်နေကြပါတယ်။ ပြီးခဲတဲ့ ရာသီကမှ မာဆေး အသင်းကနေ ဒိုင်နမို မော်စကို အသင်းကို ပြောင်းရွေ့ ခဲ့တဲ့ အန်ဂျီဟာ သူရဲ့  Snapchat ကနေ သူချစ်သူ ကောင်းမလေး အမျိုးသမီး တစ်ဦးနဲ့ ချစ်တင်းနှောတော့မယ့်အချိန် live လွှင်မိသွားခဲ့တာပါ။

အန်ဂျီဟာ ကျော်ကြားတဲ့ ဘောလုံးသမားတစ်ဦးဖြစ်တာကြောင့် သူရဲ့  Snapchat အကောင့်မှာ Follower တွေ တော်တော်များများရှိပါတယ်။ သူဟာ မော်စကို အသင်းကို ရောက်ရှိပြီးနောက် အပျော်ကြီးပျော်နေခဲ့ပြီး ဆိုရှယ် မီဒီယာကို အသုံးပြုခဲ့ပါတယ်။ ထို့နောက်  သူချစ်သူနဲ့ ချစ်တင်းနှောမယ်အချိန်မှာ Snapchat ကို live လွှင့်ခဲ့မိသွားပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို live ကိုပြန်ဖြုတ်ချခဲ့ပြီး သူဖန်တွေဟာ အနည်းငယ် သိရှိသွားခဲ့ပါတယ်။

ပရိတ်သတ်တွေကတော့ အန်ဂျီတော့ ဘာတွေလုပ်နေလဲမသိဘူး လို့တွေးမိခဲ့ပြီး ထို့နောက် သူ့  Live ဗီဒီယိုဟာ ချက်ချင်းအွန်းလိုင်းမှာ ပျံနှံ့ခဲ့ပါတယ်။ အန်ဂျီအတွက် အများက ဝေဖန်စရာ ဖြစ်လာခဲ့ပြီး ဒီကိစ္စကို အကြောင်းစုံ ပြန်လည် ရှင်းပြခဲ့ပါတယ်။

အန်ဂျီက “ကျွန်တော့ အမူးလွန်ပြီး ဖုန်းနဲ့ဆိုရှယ်မှာ သတင်းတွေ ဖတ်နေခဲ့ပါတယ် ။ထိုနောက် ခလုတ်မှားနိပ်မိပြီး အခုလို ဖြစ်သွားရတာ” ပါလို့ ပြန်လည်း ရှင်းပြခဲ့ပါတယ်။

      


01 Aug 2019     2,019 Views




RELATED

Most Popular of Football

Most Popular of Sport