BEC-TERO TV

၆ လွှာမှ ပြုတ်ကျခဲ့တဲ့ ၃ နှစ်သားလေး ကံကောင်းလို့ အသက်ရှင် (ရုပ်သံ)

02 Aug 2019     1,758 Views


ကလေးသဘာဝ အလွန်ဆော့ကစားတဲ့ အရွယ်မျိုးမှာ မိဘတွေအနေနဲ့ ကလေးကို တစ်ယောက်ထဲ မျက်စိကွယ်ရာမှာ မထားခဲ့သင့်ပါဘူး။ ဇူလိုင်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံက အသက် ၃ နှစ်အရွယ် ကလေးလေးကို အဖွားဖြစ်သူက အိမ်မှာတစ်ယောက်ထဲ ထားခဲ့ပြီး ဈေးသွားဝယ်စဉ် ကွန်ဒိုတိုက်ခန်း ၆ လွှာရဲ့ ဝရံတာပေါ်ကနေ အောက်ကို ပြုတ်ကျသွားခဲ့ပါတယ်။
 
လူတွေ သတိထားမိတဲ့အချိန်မှာ ကလေးက မှန်ချပ်တွေကာထားရဲ့ ဝရံတာရဲ့အပြင်ဘက် အုတ်ရိုးဘောင်မှာ လက်နှစ်ဖက် တွဲလောင်းခိုလျှက် ပြုတ်ကျတော့မယ့် အနေအထားနဲ့ တွေ့ခဲ့ရပါတယ်။ ရင်ထိတ်စရာကောင်းတဲ့ မြင်ကွင်းမှာတော့ ကလေးဟာ ကြိုးစားပြီး အုတ်ရိုးကို ဆွဲခိုကာ ပြန်တက်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ အင်အားနဲ့ မလုံလောက်တဲ့အခါ လက်အံ့သေပြီး အောက်ကို တရှိန်ထိုး ပြုတ်ကျသွားခဲ့ပါတယ်။
 
 
ဒီအဖြစ်ပျက်ကို စပြီး သတ်ထားမိတဲ့အချိန်မှာ တိုက်အောက်မှာ ရှိနေတဲ့ လူတွေက အဝတ်တွေ ခြုံစောင်တွေ ယူပြီး အောက်ကနေ အမြန်ဆုံး ခံစားမိလိုက်တဲ့အတွက် ကလေးပြုတ်ကျလာတဲ့အချိန်နဲ့ ကွက်တိကျပြီး ကလေးဟာ ထိခိုက်မှုမရှိပဲ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ ကလေးဟာ မှန်ကာထားတဲ့ ဝရံတာပေါ်ကို ဘယ်လို ကျော်တက်နိုင်ခဲ့တာလဲ ဆိုတာကိုတော့ ရှင်းလင်းစွာ မသိရပါ။
 
မည်သို့ပင် ဖြစ်စေကာမူ လက်လက်ထအောင် ဆော့ကစားတတ်တဲ့ အရွယ်မှာ လူကြီးတွေအနေနဲ့ ကလေးတွေကို မျက်စိအောက်ကနေ အပျောက်မခံသင့်ပါဘူး။

 


02 Aug 2019     1,758 Views




RELATED

Most Popular of Special or Others

Most Popular of NEWS