BEC-TERO TV

EXO D.O ရဲ့ဆံပင်ပုံစံကို ကျောင်းသားများထားရှိသင့်တဲ့ စံနမူနာအဖြစ်ပြဌာန်းခံရ

05 Aug 2019     2,746 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Exo မှအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ D.O ဟာဆိုရင် ရုပ်ရည်အားဖြင့် ချောမောပြေပြစ်သူတစ်ဦးဖြစ်ပါတယ်။ Exo ရဲ့ပရိတ်သတ်များဖြစ်တဲ့ ExoLs တွေ သိကြတဲ့အတိုင်း D.O ဟာ ဆံပင်ပုံစံပြောင်းလေ့မရှိဘဲ ဘိုကေ ပုံစံတစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲထားလေ့ရှိပါတယ်။ အာရှနိုင်ငံက ကျောင်းတချို့မှာ ယောင်္ကျားလေးတွေ သရုပ်ပျက်တဲ့ ဆံပင်ပုံစံမျိုးတွေ မထားအောင် ကျောင်းစည်းကမ်းချက် ကြော်ငြာစာမှာ D.O ပုံကို စံနမူနာထားပြီး ကြေငြာခဲ့ပါတယ်။ D.O ပုံနဲ့အတူ ဘယ်လို စံနမူနာထားပြီး ကြေငြာခဲ့တယ်ဆိုတာ သိရှိဖို့ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

တောင်ကိုးရီးယားက စာသင်ကျောင်းတစ်ကျောင်းမှာ EXO D.O လို ဆံပင်ပုံစံမျိုး ထားရှိဖို့ အောက်ပ ပုံပါအတိုင်း သရုပ်ပျက်ပုံစံမျိုး မထားရှိဖို့ကို နမူနာပုံစံဖြင့် ယှဉ်ပြခဲ့ပါတယ်။

ကျောင်းသားများအတွက် စမတ်ကျပြီး သေသပ်တဲ့ပုံစံက D.O ရဲ့ ဆံပင်ပုံစံဖြစ်ကြောင်း ရေးသားထားပါတယ်။

D.O ရဲ့ မျက်နှာဟာ ကျောင်းစည်းကမ်းချက်မှာတင် ပြဌာန်း ခံရတာမဟုတ်ပါဘူး။ ဂျပန်နိုင်ငံမှာရှိတဲ့ ကျောင်းတစ်ကျောင်းရဲ့ ကျောင်းသင်ခန်းစာမှာလဲ ပြဌာန်းခံခဲ့ရပါတယ်။ ဦးနှောက်ရဲ့ အရေးပါပုံနဲ့ လုပ်ငန်းဆောင်တာတွေကို သင်ကြားပေးတဲ့ သင်ခန်းစာမှာ D.O ရဲ့ မျက်နှာကို ယူကာ အသုံးပြုခဲ့ပါတယ်

အာရှနိုင်ငံတွေမှာ ရှိနေတဲ့ ကျောင်းတွေမှာ အခုလို ကျောင်းသား၊ ကျောင်းသူတွေ ကြိုက်နှစ်သက်တဲ့ idols အဆိုတော်များရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ကျောင်းသင်ခန်းစာမှာ စိတ်ဝင်စားအောင် ပြုလုပ်ကြတာပဲဖြစ်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 


05 Aug 2019     2,746 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS