လူမှုကွန်ယက်မှာ အမေနဲ့ရိုက်ထားတဲ့ ပုံတွေကိုတင်ခဲ့ပေမယ့် ရည်းစားလို့အထင်ခံရ
05 Aug 2019 2,019 Views

အသက် ၂၂ နှစ်အရွယ် Jonathan Nguyen အမည်ရတဲ့ လူငယ်တစ်ဦးဟာ Subtle Asian Traits ဆိုတဲ့ facebook group ထဲမှာ အမေနဲ့ အတူရိုက်ကူးထားတဲ့ ဓာတ်ပုံများကို ဝေမျှခဲ့ပါတယ်။ Jonathan ဟာ အမေရိကန်×ဗီယက်နမ် ကပြားဖြစ်ပြီး အာရှတစ်ခွင်မှာရှိတဲ့ အမေတွေဟာ အနောက်နိုင်ငံမှာရှိတဲ့ အမေတွေထက် ပိုပြီး နုပျိုကြောင်း ပြသခဲ့ပါတယ်။ Jonathan ရဲ့ အမေဟာ သာမန်ရှိရှင်းစွဲ အသက်ထက် နုပျိုတဲ့ပုံပေါက်တာကြောင့် သားအမိနှစ်ယောက် ဓာတ်ပုံရိုက်တဲ့အခါ အမေလို့မထင်ရဘဲ ချစ်သူကောင်မလေးလို့ မှားရလောက်တဲ့အထိပါပဲ။ Jonathan တစ်ယောက် မိခင်ဖြစ်သူ အခုလိုနုပျိုနေတဲ့ အကြောင်းအရင်းကို ဘယ်လိုပြောပြသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Jonathan ဟာ မိခင်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံများ တင်ပြီးနောက်မှာတော့ လူအများက အမေဖြစ်သူရဲ့ အသက်ကို မေးမြန်းလာကြပါတယ်။ Jonathan ဟာ အမေဖြစ်သူရဲ့ အသက်ကို အတိအကျမဖော်ပြဘဲ လေးဆယ်ကျော် ဝန်းကျင်လို့သာ ပြောပြထားပါတယ်။
Jonathan ရဲ့ မိခင်ဟာ နေ့စဉ် အသီးအနှံများကိုသာ စားသုံးတာကြောင့် အခုလို နုပျိုနေတာ ဖြစ်ကြောင်း Jonathan မှ ရှင်းပြထားပါတယ်။
Jonathan ရဲ့ မိခင်ဟာ ငယ်ရွယ်လွန်းတဲ့ ပုံပေါက်တာကြောင့် မသိတဲ့သူများက Jonathan ရဲ့ ရည်းစားလို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့် Jonathan ဟာအခုချိန်ထိ ရည်းစားမရနိုင်ခဲ့ပါဘူး။
Jonathan တို့မိသားစုဟာ အမေရိကန်၊ လော့စ်အိန်ဂျလိစ်မှာ နေထိုင်ကြပြီး အင်စတာဂရမ်မှာ တစ်ဆင့် လူသိများလာပြီး Jonathan ကို မော်ဒယ်လုပ်ဖို့ ဗီယက်နမ်ရှိ မော်ဒယ်အေဂျင်စီများမှ ကမ်းလှမ်းထားကြောင်းသိရပါတယ်။ Jonathan ရဲ့ role model ကတော့ Got7 အဖွဲ့မှ Jackson ဖြစ်ပြီး Jackson ကိုကြည့်ရတာဟာ သူ့ကို အားအင်တွေရရှိစေကြောင်းကိုလဲ ပြောပြသွားပါတယ်။
Ref:koreaboo
(ပိုပိုလေး)