BEC-TERO TV

ဒါဘီအသင်းရဲ့ ကစားသမား / နည်းပြ ဖြစ်လာတဲ့ ဝိန်း ရွန်းနီf

07 Aug 2019     1,489 Views


ဒီစီ ယူနိက်တက် တိုက်စစ်မှူး ဝိန်း ရွန်းနီကို ဒါဘီအသင်းက ကစားသမား / နည်းပြ အဖြစ် ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ သိရပါတယ်။ ရွန်းနီဟာ မန်ယူအသင်းနှင့် အင်္ဂလန်အသင်းကစားသမားဟောင်း တစ်ဦးဖြစ်ပြီး  အောင်မြင်မှု ဆုဖလားတွေကို ရရှိထားပါတယ်။ လက်ရှိမှာတော့ မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်အသင်းမှာကစားနေပြီး ဒါဘီအသင်းက ကမ်းလှမ်းခဲ့တာကြောင့် မိခင်နိုင်ငံကို ပြန်ပြီး ခြေချနိုင်တော့မယ့် အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။

မေဂျာလိဂ်ကလပ် DC ယူနိုက်တက်အသင်းမှ ထွက်ခဲ့ပြီး မနေ့က မနက်က လန်ဒန်ရောက်သို့ရောက်ခဲ့ပါတယ်။ ထို့နောက် ဒါဘီ အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။နောက်ရာသီမှာ ရွန်းနီဟာ ဒါဘီအသင်း၏  ကစားသမား / နည်းပြ အဖြစ် ကိုင်တွယ်ပါဝင်ကစားရတော့မှာဖြစ်ပါတယ်။

အသက် (၃၄) နှစ်အရွယ်ရှိ ဝိန်း ရွန်းနီဟာ  အင်္ဂလန်မှာ အတွေ့ အကြုံရင့် ကစားသမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းနဲအတူ အောင်မြင်မှု ဆုဖလားတွေကို ရရှိထားပါတယ်။ အင်္ဂလန်အသင်းနဲ့လည်း ပွဲပေါင်း (၁၂၀) ကစားထားပြီး (၅၃) ဂိုးသွင်းယူထားတယ်။

ပြီးခဲ့တဲ့နှစ်က ဒါဘီအသင်းကို အင်္ဂလန်ကစားသမားဟောင်း ဖရန့် လမ်းပတ်က တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ် တန်းတက်ဝင်ခွင့်အထိ ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ ယခုလည်း အင်္ဂလန်ဝါရင့် ကစားသမားဟောင်းဖြစ်တဲ့ ဝိန်း ရွန်းနီကို ခန့်အပ်လိုတာဖြစ်ပါတယ်။


07 Aug 2019     1,489 Views




RELATED

Most Popular of Football

Most Popular of Sport