BEC-TERO TV

ကြောင်ပေါက်စနလေးကို အရက်မူးအောင် အတင်းတိုက်တဲ့ လူငယ်တစ်စု (ရုပ်သံ)

08 Aug 2019     1,746 Views


ကြောင်ချစ်တဲ့သူတွေရော ကြောင်မချစ်တဲ့သူတွေပါ ခံပြင်းစရာကောင်းတဲ့ ရုပ်သံတစ်ခု အွန်လိုင်းပေါ်ရောက်လာပြီး ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ဆယ်ကျော်သက် လူငယ်အုပ်စုတစ်ခုက လမ်းဘေးမှာ ကူရာကယ်ရာမဲ့နေတဲ့ ကြောင်ပေါက်စ ကလေးလေး တစ်ကောင်ကို အတင်းဖမ်းချုပ်ပြီး အရက်ကိုပြွတ်နဲ့ စုတ်ယူကာ ကြောင်လေးကို တိုက်ခဲ့ပါတယ်။
 
အရွယ်နဲ့မမျှအောင် ပါးစပ်ထဲဝင်သွားတဲ့ အယ်လ်ကိုဟော ဒဏ်ကြောင့် ကြောင်လေးဟာ လွှတ်ပေးလိုက်တယ်ဆိုရင်ပဲ တလူးလူးတလိမ့်လိမ့်နဲ့ မူးပြီး ယိုင်ထိုးကာ ခဏခဏလဲကျနေတာဟာ သူတို့အုပ်စုအတွက် ရယ်မောစရာ ဟာသတစ်ခုဖြစ်ခဲ့ပေမယ့် ဒီရုပ်သံကို ကြည့်မိတဲ့ သူတွေအားလုံးကတော့ စိတ်မကောင်ခြင်း ဒေါသထွက်ခြင်းတွေကို ရောပြွမ်းပြီး ခံစားခဲ့ကြရပါတယ်။
 
စက္ကန့် ၃၀ လောက်သာကြာတဲ့ ဒီရုပ်သံဟာ အင်စတာဂရမ်ပေါ်ကနေ စတင်ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ဒီကိစ္စနဲ့ပက်သက်ပြီး ရဲကိုတိုင်ကြားအမှုဖွင့်တာ အရေးယူတာတွေ မရှိသေးကြောင်း သိရပါတယ်။
 
 

08 Aug 2019     1,746 Views




RELATED

Most Popular of Special or Others

Most Popular of NEWS