မန်ယူကို ငြင်းလိုတ်တဲ့ အဲရစ်ဆင်နှင့် နောက်ဆုံးရ အပြောင်းအရွေ့ သတင်းများ
08 Aug 2019 1,745 Views

စပါးအသင်းကွင်းလယ်လူ အဲရစ်ဆင်ဟာ မန်ယူအသင်းကို ပြောင်းအရွေ့ မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ အဲရစ်ဆင်ကို အခြားလန်ဒန်ကလပ်တွေကို ပြောင်းရွေ့ ခွင်ပြုမှာ မဟုတ်ဘူးလို့ စပါးအသင်း ဒါရိုက်တာ ဒန်နီရယ် လိဗေး က ၂၀၁၇ ခုနှစ်ပြောကြားခဲ့ပါတယ်။ အဲရစ်ဆင်ဟာ ဒီရာသီကုန်မှာ စပါးအသင်းနဲ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး သူကိုခေါ်ယူဖို့ စပိန်ကလပ်တွေဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် နဲ ရီးရဲလ်မက်ဒရစ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းနောက်ခံလူ ဒေဗစ်လူဝစ်ကို ပေါင် (၁၂) သန်းဖြင့် ခေါ်ယူဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။ ဒေဗစ်လူဝစ်ဟာ မနေ့က ချဲလ်ဆီးအသင်းမှာ လေ့ကျင်ရေးပျက်ကွက်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ အပြောင်းအရွ အတွက် ညှိနှိုင်းနေတယ်လို့ သတင်တွေထွက်ပေါ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဆဲလ်တစ်အသင်းမှ တီယာနေးကို ပေါင် (၂၅) သန်းဖြင့် အပြောင်းအရွေ နောက်ဆုံးချိန်မတိုင်မှီ တီယာနေးကို အရခေါ်ယူသွားမယ်လို့ သိရပါတယ်။
စပါးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဖူလ်ဟမ်တောင်ပံကစားသမား ဆီဆက်နွန်နှင့် ဘက်တစ်ကွင်းလယ်လူ ဆယ်လ်ဆိုတို့ကို ပေါင် (၈၅) သန်းအသုံးပြုပြီး ခေါ်ယူသွားမယ်လို့ သိရပါတယ်။ စပါးအသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ကွင်းလယ်လူ အဲရစ်ဆင်နေရာတွင် အစားထိုးရန် ဆယ်လ်ဆိုကို ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။