BEC-TERO TV

ပီပီ ၊ လာကာဇက် တို့နဲ့တွဲကစားဖို့ စိတ်လှုပ်ရှားနေတဲ့ အူဘာမီယန်း

13 Aug 2019     1,846 Views


အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ပီပီ ၊ လာကာဇက် တို့နဲ့ တွဲဖက်ကစား စိတ်လှုပ်ရှားနေပြီး မစောင့်နိုင်အောင်ဖြစ်နေမိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရာသီက လာကာဇက် ၊ အူဘာမီယန်းတို့ တိုက်စစ်အတွဲမှ သွင်းဂိုးအများအပြားကို မြင်တွေ့ ခဲ့ရပြီး ဒီနှစ်နွေရာသီမှာ အာဆင်နယ်အသင်းဟာ လိုင်လီအသင်းမှ တိုက်စစ်မှူး ပီပီကို စံချိန်တင်ပြောင်းရွေ့ ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။

“ ကျွန်တော်တို့ တိုက်စစ်သုံးယောက် တွဲဖက်ကစားဖို့အတွက် မစောင့်နိုင်အောင်ဖြစ်နေမိပြီး ပရိတ်သတ်တွေကလည်း စိတ်လှုပ်ရှားနေကြမှာပါ။ နောက်အပါတ်မှာ အမ်းမရိတ်ကွင်းမှာ ကစားသွားရမှာဖြစ်ပြီး အားလုံးကြံခိုင်မှု ပြည့်ဝရင် နည်းပြရဲ့ ဆုံးဖြတ်ချက်နဲ့ သုံးယောက်စလုံးပွဲထွက်ခွင့်ရမှာပါ။ အဲ့ကျ ကျွန်တော်တို့ တိုက်စစ်ကို မြင်တွေ့ ခွင့်ရမှာပါ။

ပီပီနဲ့ပါတ်သတ်ပြီးလည်း သူဟာ အလွန်တော်တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်လည်း တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ကစားရရင် အလွန်ပျော်ရွင်ပြီး အသင်းဖော်တွေကိုလည်း အကူအညီပေးနိုင်ပြီး ကိုယ်တိုင်လည်း ဂိုးတွေသွင်းယူနိုင်ပါတယ်။ ပွဲစဉ်(၂) မှာ အိမ်ကွင်းမှာ လက်ခံကစားရမယ့် ဘန်လေအသင်းကိုလည်း အသင်းကောင်းတစ်သင်းဖြစ်ပြီး ချီကျူးခဲ့ပြီး ကစားသမားကောင်းတွေလည်း အများအပြားရှိတယ်လို့ ” လို့ အူဘာမီယန်းက ပြောကြားခဲ့ပါတယ်။

အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ပီပီဟာ နယူးကာဆယ်အသင်းနဲ့ ကစားတဲ့ အဝေးကွင်းပွဲစဉ်မှာ ပွဲချိန် ၇၁ မိနစ်မှာ လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ နယူကားဆယ်နဲ့ ကစားတဲ့ပွဲမှာ အူဘာမီယန်းဟာ အဖိုးတန် အနိင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

သူတို့ (၃) ဦးရဲ့ တိုက်စစ်က ဂိုးတွေ အများကြီး သွင်းနိုင်မှာလား..?


13 Aug 2019     1,846 Views




RELATED

Most Popular of Football

Most Popular of Sport