BEC-TERO TV

လီဗာပူးလ်ကို ရှုံးခဲ့ရင် ဆင်ခြေပေးစရာမရှိဘူးဆိုတဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်

14 Aug 2019     1,305 Views


ယနေ့ညမှာ တူရကီနိုင်ငံ အစ္စတန်ဘူမှာ Super Cup ဖလားကို ချန်ပီယံလိဂ် ချန်ပီယံလီဗာပူးလ် အသင်းနှင့် ယူရိုပါလိဂ် ချန်ပီယံချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနည်းပြဟာ အဆိုပါပွဲမှာ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ပါက ဆင်ခြေပေးစရာမရှိဘဲ အရှုံးကို လက်ခံသွားရမှာဖြစ်တယ်လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပါတ်က ပရီးမီးယားလိဂ် ပွဲစဉ် (၁) မှာ ချဲလ်ဆီးအသင်းက မန်ယူအသင်းကို (၄) ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ အကောင်းဆုံး နှိုးထဖို့လိုအပ်ပြီး အရှုံးကို ပြန်လည်ကုစားဖို့ လိုအပ်နေပါတယ်။

ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်ဟာ ချဲလ်ဆီးကစားသမားဘ၀မှာ စူပါဖလား ဗိုလ်လုပွဲကို နှစ်ကြိမ်တိုင် ကစားခဲ့ဖူးပြီး နှစ်ကြိမ်စလုံးရှုံးနိမ့်ခဲ့ရပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂၀၁၂ ခုနှစ်တုန်းက တစ်ကြိမ် နဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၃ ခုနှစ်တုန်းကလည်း တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ရှုံးနိမ့်ခဲ့ဖူးတာဖြစ်ပါတယ်။ ဒီတစ်ခါ တွေ့ ဆုံရာမှာ ပြည်တွင်းပြိုင်ဘက် အချင်းချင်းဖြစ်တာကြောင့် အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း သိရပါတယ်။

လီဗာပူးလ်နဲ့ တွေ့ ဆုံမယ့် ပွဲမှာ နည်းပြ လမ်းပတ်က “လီဗာပူးလ်လို့ အသင်းကောင်းတစ်သင်းနဲ့ တွေ့ ဆုံရတာဟာ စိတ်ဝင်စားမှုကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်မှာပါ။ ကျွန်တော်တို့အသင်း အကောင်းဆုံးပြင်ဆင်ထားမှာဖြစ်ပြီး အနိုင်ရဖို့အတွက် ဆာလောင်မှုတွေနဲ့ ကြိုးစားနေဖို့ လိုအပ်ပါတယ်။ ဒီဖလားဟာ ကျွန်တော်ကစားသမား ဘဝတုန်းက တစ်ကြိမ်မှမရခဲ့တာကြောင့် အခုတခါ ဗိုလ်စွဲနိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားသွားမှာပါ။ ” လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 UEFA Super Cup ဗိုလ်လုပွဲမှာ ဘယ်အသင်းက အနိုင်ရသွားမလဲဆိုတာကို ယနေ့ညမှာ စောင့်ကြည့်သွားရအောင်ဗျာ…

 


14 Aug 2019     1,305 Views




RELATED

Most Popular of Football

Most Popular of Sport