ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရပေမယ့် ကမ္ဘာ ့အဆင့် (၇၃) အထိမြင့်တက်လာတဲ့ သက်ထားသူဇာ
14 Aug 2019 1,955 Views

မြန််မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ဂရိနိုင်ငံတွင်ကျင်းပတဲ့ အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရပေမယ့် ကမ္ဘာ ့အဆင့်သတ်မှတ်ချက် အဆင့် (၇၃) အထိ မြင့်တက်လာခဲ့ပါတယ်။ သူမဟာ ၂၀၂၀ မှာကျင်းပမည့် အိုလံပစ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။
ဂရိ အင်တာနေရှင်နယ်စီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲမှာ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် (၂၂၅)ရှိ မလေးရှားကြက်တောင်မယ်ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။သက်ထားသူဇာဟာ ဒုတိယဆုနဲ့ ကျေနပ်ခဲ့ရပေမယ့် အဆင့်သတ်မှတ်ချက် ကွာဟမှု သိပ်မရှိတာကြောင့် ကမ္ဘာ ့အဆင့် (၁၀)ဆင့်အထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
သက်ထားသူဇာကို အနိုင်ယူခဲ့တဲ့ မလေးရှားကြက်တောင်မယ် ကီဆိုနာဟာ အရင်က ကမ္ဘာ့အဆင့် (၅၀)အထိ တက်လှမ်းထားနိုင်ခဲ့ဖူးတဲ့ အတွေ ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်ပြီး ဒဏ်ရာပြသာနာကြောင့် ကမ္ဘာ့အဆင့် နှစ်ရာကျော်အထိ ကျဆင်းသွားခဲ့ရခြင်းဖြစ်ပါတယ်။
သက်ထားသူဇာဟာ ၂၀၂၀ မှာကျင်းပမည့် အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ကမ္ဘာ့အဆင့်မြင့်လာစေရန် ပြိုင်ပွဲများတောက်လျောက် ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ လက်ရှိတွင်လည်း သြဂုတ်လ ၁၂ရက်မှ ၁၅ရက်အထိ ကျင်းပနေသည့် ဘူဂေလ်ရီးယား အင်တာနေရှင်နယ်စီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိနေပါတယ်။
သက်ထားသူဇာ နိုင်ငံတကာ အောင်မြင်မှု
Greece International Series 2019 ဒုတိယ
Cote D'Ivore International Series 2019 ချန်ပီယံ
Benin International Series 2019 ချန်ပီယံ
Uganda International Series 2019 - ချန်ပီယံ
Kenya International Series 2019 - ချန်ပီယံ
Egypt International Series 2018 - ချန်ပီယံ
Nepal International Series 2018 - ဒုတိယ
Iran International Series 2018 - တတိယ