BEC-TERO TV

လီဗာပူးလ်ကွင်းလယ်လူ ဂျိမ်း မီနာကို လှလှပပ စကေးလ်ပြလိုက်တဲ့ ကန်တီ

15 Aug 2019     1,364 Views


ယနေ့မနက်အစောပိုင်းက ဥရောပစူပါဖလားဗိုလ်လုပွဲ ပြီးဆုံးခဲ့ပြီး လီဗာပူးလ်အသင်းက ချဲလ်ဆီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့ပြီး ဥရောပစူပါဖလားကို (၄) ကြိမ်မြောက် ဗိုလ်စွဲထားနိုင်ခဲ့ပါတယ် ။ အဆိုပါပွဲ ပထမပိုင်းမှာ ချဲလ်ဆီးကွင်းလယ်လူ ကန်တီဟာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး လီဗာပူးလ်ကွင်းလယ်လူ ဂျိမ်း မီနာကို စကေးလ်ပြသလိုက်တဲ့ ဗီဒီယိုဟာ ချီးကျူးစရာဖြစ်ခဲ့ပြီး လူမှုကွန်ယက်မှာ မျှဝေသူတွေ များပြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာ လီဗာပူးလ်အသင်းကို သူတင်ကိုတင်ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် (၃၅) အရောက်မှာ ချဲလ်ဆီ်းကွင်းလယ်လူ ကန်တီဟာ ဘောလုံးကို ဆွဲယူလာခဲ့ပြိး ရော်ဘတ်ဆန်နဲ့အတွေ့ မှာ ဘောလုံးကို တစ်ချက်ပြန်ခေါက်ပြီး နောက်ကနေ ပြေးတက်လာတဲ့ မီနာရဲ့ ခြေကြားထဲ့မှတဆင့် ဘောလုံးကို လှလှပပ စကေးလ်ပြသခဲ့တာဖြစ်ပါတယ်။ ထို့နောက် ပွဲချိန် (၃၆) မိနစ်အရောက်မှာ ပူလီဆစ်ရဲ့  ဖန်တီးပေးပို့မှုမှတဆင့် တိုက်စစ်မှူး ဂီရော့ဂ် ကအပိုင်းပိတ်သွင်းခဲ့ပြီး ပထမပိုင်းမှာ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာတော့ လီဗာပူးလ်အသင်းဟာ ချိန်ဘာလိန် နေရာကို ဖာမီနိုကို အစားထိုး ဝင်ရောက်ကစားစေခဲ့ပါတယ်။ ဖာမီနိုဝင်ရောက်လာပြီးနောက် လီဗာပူးလ်ကစားပုံပြန်ကောင်းလာခဲ့ပြီး ပွဲချိန် (၄၈) မိနစ်မှာ ဖာမီနိုရဲ့ ပေးပိုမှုမှတဆင့် မာနေးက ချေပဂိုးသွင်းယူခဲ့ပါတယ်။မိနစ် (၉၀) ပြည့်လို့ အချိန်ပိုဆက်ကစားရာ အချိန်ပို (၉၅) မှာ ဖာမီနိုရဲ့ ပေးပိုမှုမှတဆင့် မာနေးကပဲ ထပ်မံသွင်းယူခဲ့ပါတယ်။

လီဗာပူးလအသင်းက ဦးဆောင်ဂိုးပြန်သွင်းယူနိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းဟာ ပုံစံပျက်မသွားတဲ့  ချေပဂိုးအတွက် ပြန်လည်ကြိုးစားခဲ့ပြီး ပွဲချိန်(၁၀၁) မိနစ်မှာပဲ ချဲလ်ဆီးအသင်း ပင်နယ်တီရရှိခဲ့ ဂျာဂျင်ဟိုက ချေပဂိုးပြန်လည်းသွင်းယူနိုင်ခဲ့ပါတယ်။ အချိန်ပို မိနစ်တွေမှာ (၂-၂) ဖြင့်ပြီးဆုံးခဲ့ပြီး ပင်နယ်တီကန်သွင်းရာမှာ လီဗာပူးလ်အသင်းက (၇-၆) ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲမှာ ချဲလ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းအရ သူတင်ကိုယ်တင် ကစားနိုင်ခဲ့တာကို တွေ့ ခဲ့ရပါတယ်။ ချဲလ်ဆီးကွင်းလယ်လူ ကန်တီဟာ အထင်ကြီးစရာ ခြေစွမ်းပြသနိင်ခဲ့ပြီး လီဗာပူးလ်အသင်း နောက်တန်းနှင့် ကွင်းလယ်မှာ အတော်အလုပ်ရှုတ်စေခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဥရောပစူပါဖလားကို (၄) ကြိမ်မြောက် ဗိုလ်စွဲထားနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းက (၂၁) ရာစုအတွင်း (၃) ကြိမ်ကစားခွင့်ရရှိခဲ့ပြီး (၃) ကြိမ်စလုံးရှုံးနိမ့်ခဲ့ပါတယ်။


15 Aug 2019     1,364 Views




RELATED

Most Popular of Football

Most Popular of Sport