BEC-TERO TV

အမိုက်စားပုံစံဒီဇိုင်းနဲ့ ကြော်ငြာရိုက်ကူးနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယို

15 Aug 2019     5,772 Views


ရုပ်ရည်ပိုင်းနဲ့သာမက ဆွဲဆောင်မှုရှိပြီး ကောက်ကြောင်းလှတဲ့ အမိုက်စားဘော်ဒီနဲ့ပါ ပရိသတ်တွေကိုဖမ်းစားထားတဲ့ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ကတော့ ယောကျာ်းထုကြီးသာမက မိန်းကလေးပရိသတ်တွေရဲ့ ၀န်းရံအားပေးခြင်းခံထားရသူတစ်ယောက်ပါ။ ကြော်ငြာတွေ၊ သီချင်းဗီဒီယိုတွေကနေတစ်ဆင့် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သင်ဇာကတော့ သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်သလို လက်ရှိမှာလည်း ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ဒါ့အပြင် သူမရဲ့ဆွဲဆောင်မှုရှိတဲ့ အမိုက်စားပုံရိပ်တွေကို ဆိုရှယ်မီဒီယာတွေမှာ အမြဲချပြလေ့ရှိတဲ့သင်ဇာကတော့ ချစ်သူနဲ့လမ်းခွဲပြတ်စဲပြီးနောက် အနုပညာအလုပ်တွေကိုသာ မအားမလပ်အောင် တစ်စိုက်မတ်မတ်လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာလည်း သင်ဇာက အမိုက်စားပုံစံနဲ့ ကြော်ငြာတစ်ခုကိုရိုက်ကူးနေပြီး ရိုက်ကွင်းနောက်ကွယ်ကဗီဒီယိုလေးကို သူမရဲ့ဖေ့စ်ဘွတ်ကနေ မျှဝေထားတာဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် ကြည့်မ၀အောင်လှနိုင်လွန်းတဲ့ သင်ဇာ့ရဲ့ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။ သင်ဇာတစ်ယောက် ဘာကြော်ငြာရိုက်နေလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲနော်...

 


15 Aug 2019     5,772 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment