BEC-TERO TV

ပေါ့ဘာကို ပေါင်သန်း(၂၀၀) နဲ့ကမ်းလှမ်းလာရင်တောင် မရောင်းဖို့ ဘာဘာတော့အကြံပေး

16 Aug 2019     1,380 Views


မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့က ရီးရဲလ်မက်ဒရစ်အသင်းက ပေါ့ဘာကို ပေါင်းသန်း(၂၀၀) ပေးပြီး ကမ်းလှမ်းလာလျှင် ရောင်းမထုတ်ဖို့ အကြံပြုပြောကြားခဲ့ပါတယ်။ ပေါ့ဘာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းက ပစ်မှတ်ထားနေပြီး မန်ယူအသင်းအနေဖြင့် ပေါ့ဘာကို လက်မလွတ်သင့်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ မန်ယူအသင်းအတွက် အားထားရတဲ့ ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့အပါတ်က ချဲလ်ဆီးအသင်းကို ၄-၀ ဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြ ကစားထား နိုင်ခဲ့ပါတယ်။

ဘာဘာတော့က “ ရီးရဲလ်မက်ဒရစ်အသင်းက ပေါ့ဘာကို အလိုရှိနေပါတယ်။ ပေါ့ဘာဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ချဲလ်ဆီးကို အနိုင်ရတဲ့ ပွဲမှာ ခြေစွမ်းပြကစားထားနိုင်ခဲ့ပါတယ်။ ကျွန်တော် မန်ယူမှာကစားခဲ့စဉ်က ကာရစ်ဟာ ဘောလုံးရတာနဲ့ တိုက်စစ်ဆင်ကစားဖို့ စိတ်အားထက်သန်နေသူဖြစ်ပြီး ပေါ့ဘာကလည်း အဲ့လို ကစားသမားပါ။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ပေါင်(၂၀၀) သန်းနဲ့ကမ်းလှမ်းလာရင်တောင် မန်ယူအသင်းအနေနဲ့ စိတ်မယိုင်ဘဲ  ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သင့်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းအတွက် (၁၃)ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၉) ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းမှာ ဂိုးသွင်းအများဆုံးကစားသမား နဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားတစ်ဦးဖြစ်ပါတယ်။


16 Aug 2019     1,380 Views




RELATED

Most Popular of Football

Most Popular of Sport