ဒိုင်ဘာလာအတွက် ပေါင်(၇၃) သန်းဖြင့် ကမ်းလှမ်းတော့မယ် ပီအက်စ်ဂျီ
19 Aug 2019 2,258 Views

ပီအက်စ်ဂျီအသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘရာဇီးတိုက်စစ်မှူးကို ရောင်းထုတ်ဖို့ပြင်ဆင်နေပြီး သူ့ နေရာကို အစားထိုးဖို့အတွက် ဒိုင်ဘာလာကို ကြံရွယ်နေတာဖြစ်ပါတယ်။
ဒိုင်ဘာလာဟာ အစောပိုင်းက မန်ယူအသင်းကိုပြောင်းရွေ့ ဖို့အတွက် ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှုမရခဲ့ဘဲ အပြောင်းအရွ့ ပျက်ပြယ်ခဲ့ရပါတယ်။ ဒိုင်ဘာလာကို ရောင်းထုတ်ဖို့ အသင်းတာဝန်ရှိသူတွေက ပြင်ဆင်နေပြီး နည်းပြ ဆာရီကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရဖို့အတွက် အာမမခံနိုင်ဘူးလို့ ပြောဆိုထားခဲ့ဖူးပါတယ်။

ပီအက်စ်ဂျီအသင်းက ဒိုင်ဘာလာကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းထံ ပေါင်(၇၃) သန်းဖြင့် ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့ညကလီဂူး ၁ ပွဲစဉ်တွင် ရန်းနက်စ်အသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့အတွက် မဖြစ်မနေ လူသစ်ခေါ်ယူသွားဖို့လိုအပ်နေပါတယ်။






