BEC-TERO TV

မထသ (ဗဟို)ဘာကြောင့် ကာခဈေးတက်လိုတာလဲ

07 Sep 2015     1,430 Views


                                  ဘတ်စ်ကားခများ တိုးမြှင့်ရန် မထသ (ဗဟို)က လုပ်ဆောင်လာခြင်းဖြစ်ပြီး ညီညွတ်မျှတသည့် ယာဉ်စီးခနှုန်းထားတစ်ရပ် ထွက်ပေါ်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ပထမအချက်အနေနှင့် မထသ၏ ဘတ်စ်ကားနှင့် ခရီးသွားပြည်သူများအတွက် ကျပ်တည်းစွာ စီးနင်းရခြင်း၊ ယာဉ်စီးခ ပိုမိုတောင်းခံခြင်း၊ ပါးစပ်တွေ့ရာ ဈေးနှုန်းဖြင့် ယာဉ်စီးခကောက်ခံ၍ မပေးနိုင်လျှင် ဆင်းသွားဟု ပြောဆိုခြင်း အတွက် တိုင်ကြားမှုများမှာ ယခုနှစ်အတွင်း ၁၄၅၅ မှု ဖြစ်ခဲ့ပြီး ယာဉ်စီးခ ပိုမိုတောင်းခံမှုမှာ ၉၅၇ မှု နှင့်အများဆုံးဖြစ်ခဲ့ပြီး မချေမငံ ပြောဆိုမှု ၂၀၆ မှု စသည်ဖြင့်ရှိခဲ့သည်။  

                                 တိုင်ကြားမှုများမှာ နှစ်စဉ်မြင့်တက်လာသည့်အတွက် စီစဉ်သင့် သည်ကို တွေးဆရာတွင် ပြည်သူတစ်ဦးက သင့်တော်သည့် ဈေးနှုန်းတိုးမြှင့်သင့်ကြောင်း နှင့်ခရီးသည်များက ပိုက်ဆံပိုမိုတောင်းခံမှုအား ပေးချေနေသော်လည်း လောဘတက်၍ အဆမတန် တောင်းခံခြင်းများ ရှိနေကြောင်း ပြောပြခဲ့သည်။ 

                               ဒုတိယအချက်အနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများသည် အစီးရေ ၇၀၀၀ ကျော်ရှိပြီး ယာဉ်လိုင်းပိုင်ရှင်များအတွက် ပြုပြင်စရိတ် မြင့်လာသဖြင့် ကြံ့ခိုင်မှုမရှိသည့် ဘတ်စ်ကားနှင့်ပြေးဆွဲ၍ ယာဉ်တိမ်းမှောက်ပါက ခရီးသည်များ ထိခိုက်နိုင်မှု၊ တတိယအချက်မှာ ယာဉ်ကြောကျပ်တည်းမှုကြောင့် အခေါက်ရေမပြည့်၍ ပိုက်ဆံပိုမိုတောင်းခံမှုနှင့် လမ်းတစ်ဝက်တွင် ယာဉ်ပြောင်းလဲကာ ခရီးစဉ်အဆုံးထိ မပြေးဆွဲမှု၊ စတုတ္ထ အချက်အနေနှင့် လက်ရှိပြေးဆွဲနေသော ဈေးနှုန်းမှာ ၂၀၀၈ ခုနှစ်ကတည်းက ကောက်ခံခဲ့သော ဈေးနှုန်းများကြောင့် ဘတ်စ်ကားခ ဈေးနှုန်းတိုးမြှင့်ရန် လုပ်ဆောင်လာခြင်းဖြစ်ပြီး လက်ရှိတွင် ဘတ်စ်ကားခ နှစ်ဆတိုးမြှင့်မည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် အထက်ပါ အချက်များကြောင့် ဖြစ်ကြောင်း ဦးလှအောင်က ဆိုသည်။


07 Sep 2015     1,430 Views




RELATED

Most Popular of Special or Others

Most Popular of NEWS