BEC-TERO TV

အက်ဆန်ပြည်နယ်ရေကြီးမှုလူပေါင်း ၁၀ သိန်းနီးပါးကိုသက်ရောက်မှုရှိလာ

07 Sep 2015     1,290 Views


အိန္ဒိယနိုင်ငံ၊ အက်ဆန်ပြည်နယ်မှာဖြစ်ပွားတဲ့ရေကြီးမှုဟာပြည်နယ်တစ်လုံးအတိုင်းအ တာအနေနဲ့အရေးပေါ်အခြေအနေမှာရှိနေသးတယ်လို့သိရပါတယ်။ပြည်နယ်အတွင်းကဒီမာဂျီခရိုင်ဟာအဆိုးရွားဆုံးဖြစ်ပွားနေပြီးလူပေါင်း ၃ သိန်းကျော်ကိုသက်ရောက်မှုရှိနေ တယ်လို့သိရပါတယ်။လက်ရှိမှာဖြစ်ပွားနေတဲ့ရေကြီးမှုကြောင့်လူပေါင်း ၁၀ သိန်းကျော် ကိုသက်ရောက်မှုရှိပြီးလွန်ခဲ့တဲ့ ၃၆ နာရီအတွင်း အက်ဆန်ပြည်နယ်အထက်ပိုင်းက ချာဘူနဲ့ဒွန်ဒွန်းမာမြို့တွေမှာသေဆုံးသူ ၂ ဦးအထိရှိနေတယ်လို့အိန္ဒယ သတင်းဌာန DDI ကသတင်းဖော်ပြပါတယ်။ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ ကထုတ်ပြန်တဲ့စက်တင်ဘာ ၃ ရက်အစီရင်ခံစာမှာတော့ ဗြဟ္မပုတ္တရမြစ်ဟာ ဒီဘရူဂါ၊ တက်(ဇ)ပါ၊ ဒူဘရီ နဲ့ နီမာတီဂတ်မြို့တွေမှာစိုးရိမ်ရေမှတ်အထက်အထိရောက်နေတယ် လို့ဖော်ပြပါတယ်။ရေကြီးမှုတွေကြောင့်နေအိမ်မဲ့သွားသူ ၈၅,၀၀၀ ကျော်ဟာကယ်ဆယ် ရေးစခန်း ၂၁၄ ခုမှာနေထိုင်နေတယ်လို့သိရပါတယ်။ရေကြီးမှုကြောင့်လက်ရှိမှာသီးနှံ ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်ပွားနေပါတယ်။


07 Sep 2015     1,290 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS