BEC-TERO TV

အရိုးကင်ဆာကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အင်နရစ်ရဲ့ သမီးလေး ဇီနာ

30 Aug 2019     1,490 Views


ဘာစီလိုနာ နည်းပြဟောင်း လူးဝစ် အင်နရစ်ရဲ့ အသက်(၉) နှစ်အရွယ်သမီးလေး ဇီနာဟာ အရိုးကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရပြီလို့ သိရပါတယ်။ သူမဟာ osteosarcoma လို့ခေါ်တဲ့ အရိုးကင်ဆာကို လွန်ခဲ့တဲ့ (၆) လခန့်လောက်က ခံစားနေရတာဖြစ်ပါတယ်။

အင်နရစ်ဟာ သူရဲ့ သမီးလေး ဇီနာဟာ အရိုးကင်ဆာကြောင့် မနေ့ကနေ့လည်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ မီဒီယာတွေထံ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ အင်နရစ်တို့ မိသားစုဟာ သမီးလေး သေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးနေပြီး သူ့ သမီလေးဟာ ဒီရောဂါဆိုးကြီးကို ၅ လကျော်ကြာ ခံနိုင်ရည်ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ သမီးလေးကို ကျွန်တော်တို့ အမြဲသတိရနေနေမှာပါ။ ကျွန်တော်တို့ဟာ တစ်နေ့မှာ သေဆုံးရမှာဖြစ်ပေမယ့် အတူတူအကြာကြီး နေဖို့မျှော်လင့်ခဲ့မှာပါ ။ ဒါပေမယ့် ကံတရားက မျက်နှာသာမပေးခဲ့လို့ ခွဲခွာခဲ့ရပါပြီ။ နောင်တစ်ချိန် ပြန်တွေ့ ချင်တွေ့ ရမှာပေါ့ ”

“သမီးလေး ဇီနာကို မသေခင်မှာ အကောင်းဆုံးစောင့်ရှောက်ခဲ့တဲ့ ဆရာဝန် ၊ သူနာပြု ၊ ဝန်ထမ်းတွေ အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ” လို့ အင်နရစ်က ပြောပါတယ်။

“Osteosarcoma”  ဆိုတာဟာ ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်တွင်းရှိ အရိုးတွေကို ဖောင်းပွလာတဲ့ အရိုးကင်ဆာ အမျိုးအစားဖြစ်ပါတယ်။

အသက် (၄၉) နှစ်အရွယ် အင်နရစ်ဟာ ဘာစီလိုနာအသင်းကို (၃) နှစ်ကြာနည်းပြရာထူးဖြင့်ထမ်းဆောင်ခဲ့ပြီး အသင်းကို အောင်မြင်မှုဆုဖလားတွေကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အင်နရစ်ဟာ ၂၀၁၈ ခုနှစ် ဇွန်လက ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ ဘာစီလိုနာနည်းပြရာထူးကနေ အနားယူခဲ့တာဖြစ်ပါတယ်။


30 Aug 2019     1,490 Views




RELATED

Most Popular of Football

Most Popular of Sport